ကျွန်တော်တို့ Windows 8 ထွက်လာခဲ့တော့
အခုမှစသုံးတဲ့ user တွေအတွက် တော်တော် တိုင်ပတ်ကြတယ်။ ကွန်ပျူတာ Shutdown
ချဖို့ ဘယ်ကနေ သွားလို့ သွားရမှန်း မသိ့ပေါ့။ Windows 8 အသုံးပြုသူတွေအတွက်
အလွယ်တကူ shutdown ပြုလုပ်နိုင်ရန်အတွက် ဒီနည်းလေးကို သုံးကြည့်လိုက်ပါ။
Step (1) Desktop ပေါ်မှာ Right Click နှိပ် ၊ News >> Shortcut ကိုသွားပါ။
Step (2) Create Shortcut ဆိုတဲ့ Box လေးတစ်ခု ကျလာပါလိမ့်မယ်။
Step (3) Type the location of item ဆိုတဲ့ နေရာမှာ shutdown.exe -s -t 0 ဆိုပြီးရိုက်ပါ။ Next ကို နှိပ်ပါ။
Step (4) Type the name for this shortcut
ဆိုတဲ့ နေရာမှာ shutdown ဆိုပြီး နာမည် တစ်ခုပေးပြီး Finish ကို နှိပ်ပါ။
Desktop ပေါ်မှာ shutdown ဆိုပြီး shortcut လေးတစ်ခု ရောက်နေပါလိမ့်မယ်။
computer သုံးပြီးလို့ ပိတ်ချင်တယ်ဆိုရင် အဲဒီ shutdown လေးကို နှိပ်ပြီး
အလွယ်တကူ ပိတ်နိုင်ပါပြီ။
ကျွန်တော်ကတော့ အလွယ်တကူ
အသုံးပြုနိုင်ရန်အတွက် computer taskbar မှာ ထည့်ထားလိုက်ပါတယ်။ (shutdown
shortcut လေးကို right click နှိပ်ပြီး pin to taskbar, pin to start
စသည်ဖြင့် မိမိ အဆင်ပြေမဲ့နေရာမှာ ထားပြီး အသုံးပြုနိုင်ပါတယ်။)
ကဲအားလုံးပဲအဆင်ပြေနိုင်ပါစေလို့ဆန္ဒများနဲ့ (ဝေယံ-လေရူးသုန်သုန်ဝ

Post a Comment