0



 Eleven Media Group
ကမ္ဘာကျော်တေးဂီတအဖွဲ့ Michael Learns To Rock အဖွဲ့၏ ဖျော်ဖြေပွဲကို ည ၇ နာရီ ၀န်းကျင်တွင် Lazy Club တီးဝိုင်း၏ နိုင်ငံတော်သီချင်း တီးလုံးတီးခတ်မှုနှင့် စတင်ခဲ့ပါသည်။ ဖျော်ဖြေပွဲတွင် အစီအစဉ်တင်ဆက်သူများ အဖြစ် တင်မိုးလွင်နှင့် အိမ့်ချစ်တို့က ဆောင်ရွက်လျက်ရှိပါသည်။ အဖွင့်သီဆိုမှုကို အဆိုတော် ဖြူဖြူကျော်သိန်းက ကိုယ်ပိုင်သံစဉ် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေလျက်ရှိပါသည်။ 



 7Day News Journal
မိုက်ကယ်လန်းတူရော့ခ်ဖျော်ဖြေပွဲတွင် အိမ်ရှင်တီးဝိုင်းအဖြစ် လေးဇီးကလပ်တီးဝိုင်းနှင့်အတူ အဆိုတော်ဖြူဖြူကျော်သိန်း သီဆိုဖျော်ဖြေနေစဉ်
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)


ယနေ့ည ၇ နာရီတွင် စတင်ဖျော်ဖြေနေသည့် မိုက်ကယ်လန်းတူရော့ခ်ဂီတပွဲတွင် အဖွင့်ဧည့်ခံဖျော်ဖြေသည့် လေးဇီးကလပ်တီးဝိုင်းက မြန်မာနိုင်ငံတော်သီချင်းသံစဉ်ဖြင့် ပွဲကိုစတင်လိုက်သည်။ ပရိသတ်များမှာ နိုင်ငံတော်သီချင်းတီးခတ်နေချိန်တွင် မတ်တပ်ရပ်ကာ လေးစားသမှုကိုပြသခဲ့ကြသည်။ မြန်မာနိုင်ငံတော်သီချင်းကို တီးခတ်နေစဉ် စင်မြင့်နောက်ခံပရိုဂျက်တာတွင် မြန်မာနိုင်ငံတော်အလံကို ပြသထားသည်ကိုတွေ့ရစဉ် 

 

Post a Comment

 
Top