0
မိမိကိုယ်တိုင်နားမလည်သည့်

ဘာသာစကားဖြင့်ရေးသားထား သောစာသားများပါရှိသည့်အင်္ကျီ များအားဝတ်ဆင်ခြင်းမပြုရန် သင်ခန်းစာပေးသည့်အဖြစ်အပျက် တစ်ခုပင်ဖြစသည်။
တရုတ်နိုင်ငံ၊ ယွန်လင်းခရိုင် တောင်ပိုင်းရှိ ဟူဝီမြို့တွင်တရားခံ ပြေးတစ်ဦးသည် Wante (အလိုရှိသည်)ဟူသော စာတန်းရေးထိုးထားသည့် အင်္ကျီအားဝတ်ဆင်ထားသဖြင့် ယခုလစောစောပိုင်းက အဖမ်းခ ခဲ့ရကြောင်း ရဲဌာနမှ ပြောရေး ဆို ခွင့်ရှိသူတစ်ဦးကပြောကြား လိုက်သည်။
ဝူ ဟုအမည်တစ်လုံးတည်း သာဖော်ပြထားသည် ထိုတရားခံပြေးသည် အင်္ဂလိပ်စာလုံးဝမ တတ်သဖြင့် သူ၏သားဖြစ်သူ က လက်ဆောင်ပေးထားသော ထိုအင်္ကျီပေါ်ရှိ အင်္ဂလိပ်စာမှာ မည်သည့်အဓိပ္ပာယ်သက်ရောက် သည်ကို လုံးဝမသိရှိခဲ့ပေ။
သို့သော်အပြင်သို့ထွက် လာချိန်တွင် လှည့်ကင်းရဲအရာရှိ တစ်ဦးကအားမေးမြန်းသောအခါ တွင်မှသာတီရှပ်ပေါ်ရှိစာသားများ အား မယုံသင်္ကာဖြစ်လာခဲ့ ရသည်။ နှင့်ရဲအရာရှိတို့၏ အပြန်အလှန်ပြောဆိုမှုက ၎င်းအား ပိုမိုမေးခွန်းထုတ် စရာများဖြစ် ပေါ် လာစေခဲ့ပြီး ၏တုန်လှုပ် ခြောက်ခြားမှုဖြစ်ပေါ်နေခြင်းမှာ လည်းသိသာထင်ရှားနေခဲ့သည်။
ထို့ကြောင့်ရဲအရာရှိက ၀ူ၏အချက်အလက်များအား ရဲမှတ်တမ်းနှင့်တိုက်ဆိုင်စစ်ဆေး ခဲ့ရာ ၀ူ သည်မူးယစ်ဆေးဝါး နှင့်ပတ်သက်၍ ပြစ်မှုမှတ်တမ်းရှိ ထားသူဖြစ်သဖြင့်အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။


ဥက္ကာအောင်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top