BMW ထုတ် လျှပ်စစ် စက်ဘီး
ဂျာမနီ မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္မဏီ BMW ကလည်း စက်ဘီး ထုတ်ပါပြီ။ လျှပ်စစ်စက်ဘီး ဖြစ်ပါတယ်။
၂၅၀ ဝပ်အား ရှိတဲ့ လျှပ်စစ်မော်တာ တပ်ဆင်ထားပြီး တစ်နာရီ ၂၅ ကီလိုမီတာ နှုန်းနဲ့ ၈၅ ကီလိုမီတာ မောင်းနှင် နိုင်ပါတယ်။ ပြီးရင်တော့ ပြန် အားဖြည့်ရမှာ ဖြစ်ပါတယ်။ ဒီအတွက် အပို ဘက်ထရီတစ်လုံးလည်း ထည့် ထားပေးအုံးမှာ ဖြစ်ပါတယ်။
အစီးရေ အနည်းငယ်ပဲ ထုတ်လုပ်မှာပါ။ စုစုပေါင်း အစီး ၁ထောင်သာ ရှိပြီး ဂျာမနီနိုင်ငံကစလို့ ကမ္ဘာအနှံ့ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
မူရင်းလင့်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.