ပလပ်ဆိုက်အမျိုးသမီးများအား ယောက်ျားများပိုပြီးစိတ်ဝင်စား
သုတေသနပြုချက်များအရ အနည်းငယ်ဝသောအမျိုးသမီးများ (plus size) ကို ယောက်ျားများက ပိုပြီးစိတ်ဝင်စားကြ ကြောင်း သိရသည်။
ရွှေရောင်ဆံပင်ရှိသည့် အမျိုးသမီးများကို ယောက်ျားများသည် စိတ်ဝင်စားသည်ဆိုသော်လည်း၊ တောင့်တောင့် တင်းတင်းနှင့် အဝဖက်သို့ကူးနေသော (plus size) အမျိုးသမီးများ အပေါ်တွင်သာ စိတ်ဝင်စားမှုပိုပြီးလွန်ကဲကြ သည်ဟု ထိုသုတေသနပြုချက်တွင် တွေ့ရသည်။
“PloS ONE” ဂျာနယ်တွင်၊ လန်ဒန် ဝက်စ်မင်စတာ တက္ကသိုလ်မှ သုတေသီများ၏ လေ့လာ ရေးသားထားချက် များအရ အမျိုးသားများသည် ခပ်ဝဝအမျိုးသမီးများအပေါ်တွင် စိတ်ဝင်စားမှုပိုမိုကြောင်း ရေးသားထားသည်။ သို့သော် အဝလွန်ကဲသူများကိုမူ စိတ်ဝင်စားမှုနည်းကြသည်ဟုဆိုသည်။
ဒေါက်တာ တိုဗီး မာတင်က “ကိုယ်ခန္ဓာအချိုးအစားဆိုတာ ပတ်ဝန်းကျင်၊ အလေ့အထတွေနဲ့လည်း သက်ဆိုင် တယ်။ သာမန်လောက်ဝတာ အတိုးအလျှော့ လုပ်လို့ရပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အနေ အထားကိုလိုက်ပြီး သူတို့အပေါ် သုံးသပ်လို့ရတယ်” ဟုပြောကြားသည်။
သုံးသပ်ချက်များအရ ပိန်သောအမျိုးသမီးများ အပေါ်တွင် ယောက်ျားတို့ စိတ်ဝင်စားမှုမှာ သာမန်အနေအထား လောက်သာဖြစ်ကြောင်း၊ ပိန်သောသူ ရောဂါထူသဖြင့်လည်း စိတ်ပျက်ခြင်းဖြစ်နိုင်ကြောင်း၊ ပိန်သောအမျိုးသမီး များသည် ရာသီပုံမှန်မဆင်းခြင်း၊ ကိုယ်ဝန်ဆောင်နိုင်ရန် ခက်ခဲခြင်းစသည့် အကြောင်းအချက်များကြောင့်လည်း ဝသောအမျိုးသမီးများထက် စိတ်ဝင်စားမှုနည်းရခြင်းဖြစ်ကြောင်း ဆောင်းပါးရှင် တိုဗီး မာတင်က လေ့လာ သုံးသပ်ပြထားသည်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.