0
ဧပြီလမှစ၍ လျှပ်စစ်မီးပေးဝေချိန်ကို လျှော့ချသွားမည်ဆိုသည့် သတင်းမှာမဟုတ်ကြောင်း ၊ လက်ရှိအတိုင်း အပြည့်အ၀ ပေးဝေသွားနိုင်ရန်အစီအစဉ်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓါတ်အားထုတ်လုပ်ရေး ဌာနကသိရှိရသည်။
 
ခုလိုပုံစံအတိုင်း အပြည့်အ၀ ပေးဝေသွားနိုင်အောင် ကြိုးစားနေပါတယ်ဒီကိစ္စကို သမ္မတကြီး ကိုယ်တိုင်ကလည်း ဆောင်ရွက်ခိုင်းထားတာပါ ဟုလျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဓါတ်အားထုတ်လုပ်ရေး ဌာနက တာဝန်ရှိသူ တစ်ဦးကပြောသည်။
 
လက်ရှိတွင်လည်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများ တည်ဆောက်နေကြောင်းနှင့် လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို နှစ်အလိုက် လိုအပ်ချက်အပေါ် မူတည်၍ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများကို တည်ဆောက်သွားခြင်းဖြင့်ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် အတွက် ရေရှည်အစီအမံများချမှတ်ဆောင်ရွက်ထားကြောင်း ၎င်းက ဆက်ပြောသည်။
 သတင်းအပြည့်အစုံကိုဖတ်ရန်ဒီမှာနှိပ်ဖတ်ပါ

Post a Comment

 
Top