0

မြန်မာနိုင်ငံ အင်တာနက် အသုံးပြုသူများ မျှော်လင့် စောင့်စား နေသော Google Play ကို ယနေ့ နံနက်မှ စတင်၍ အသုံးပြု၍ ရပြီဖြစ်ကြောင်း သိရသည်။ ဂူးဂဲလ် အမှုဆောင် အရာရှိချုပ် Mr. Eric Schmidt မတ်လ ၂၂ရက်နေ့က မြန်မာနိုင်ငံ သို့ ရောက်ရှိ လာခဲ့ပြီးနောက် ယခုကဲ့သို့ အသုံးပြုခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ Mr. Eric Schmidt မလာမီ တစ်ရက်အလို ကလည်း Google.com.mm ဒိုမိန်းနှင့် အသုံးပြုခွင့် ရခဲ့ပြီး ဖြစ်သည်။ ယင်းသတင်း ပတ်သက်ပြီး အန်းဒရွိုက် စနစ်သုံး ဂူးဂဲလ် အယ်ပလီကေးရှင်း အသုံးပြုသူ တစ်ဦးက " အရမ်း မိုက်ပါတယ်ဗျ၊ အရင်က ကျနော်တို့ အယ်ပလီကေးရှင်း တစ်ခု အသုံးပြုချင်ဆို Google Play က ကျွန်တော် နိုင်ငံအနေနှင့် သုံးမရတော့ သိပ်အဆင် မပြေပါဘူး၊ ဒီမနက်မှာတော့ ကျွန်တော် ဖုန်းနဲ့ စမ်းသုံးကြည့်တော့ သုံးလို့ရတာ တွေ့ရပါတယ် " ဟု ၎င်းကပြောသည်။ 
မူရင်းလင့်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top