0

အမေရိကန်သမ္မတဟောင်းဂျင်မီကာတာမှာ ပြီးခဲ့သည်မတ်လ ၂၉ ရက်နေ့က  နီပေါနိုင်ငံသို့ရောက်ရှိပြီး  ၄င်းခရီးစဉ်မှတဆင့် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ပြီးဒီမိုကရေစီအပြောင်းအလဲဆိုင်ရာကိစ္စများအတွက် အားပေးဆွေးနွေးမည်ဖြစ်သည်။
 
အသက် (((၈၈)နှစ်ရှိပြီဖြစ်သော မစ္စတာကာတာမှာ နီပေါနိုင်ငံသို့ပထမဦးစွာသွားရောက်ကာ နိုင်ငံရေး ပါတီများဖြင့်တွေ့ဆုံမည်ဖြစ်သည်ဟုအတ္တလန်တာအခြေစိုက် ကာတာစင်တာမှ သတင်းထုတ်ပြန်ခဲ့သည်။
 
ထို့နောက် မြန်မာနိုင်ငံသို့လာရောက်ကာနိုင်ငံရေးခေါင်းဆောင်များဖြင့်တွေ့ဆုံပြီး ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးများ ၊စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် နိုင်ငံရေးအကျဉ်းသားများထပ်မံလွတ်မြောက်စေရေးအတွက် ဆွေးနွေး မည်ဖြစ်သည်။
 
၁၉၈၁မှစတင်ကာ သမ္မတအလုပ်မှအနားယူ အိမ်ဖြူတော်မှ ထွက်လာပြီးနောက်မစ္စတာကာတာသည် ငြိမ်းချမ်းရေးကိစ္စရပ်များ၊ ဆင်းရဲမွဲတေမှုပပျောက်ရေးလုပ်ငန်းများကို ကမ္ဘာတဝှမ်း၌  အစဉ်တစိုက် လုပ်ဆောင်ခဲ့သည့်ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ထို့ကြောင့် သူသည် နိုဘယ်ငြိမ်းချမ်းရေးဆုကို၂၀၀၂ ခုနှစ်တွင် ဆွတ်ခူးရရှိခဲ့သည်။

Post a Comment

 
Top