0



မိတ္ထီလာအရေးကိစ္စအပါအဝင် လတ်တလောဆူပူမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီးက ပြည်သူလူထုထံသို့ ရှင်းလင်း ပြောကြားခြင်း

နေပြည်တော် မတ် ၂၈

မိတ္ထီလာအရေးကိစ္စ အပါအဝင် လတ်တလော ဆူပူမှုများ ကူးစက်ပြန့်ပွားရန် ကြိုးပမ်းလာတဲ့ အခြေအနေများနဲ့စပ်လျဉ်းပြီး ကျွန်တော့်အနေနဲ့ ပြည်သူလူထု တရပ်လုံးကိုလိုအပ်တဲ့ ကိစ္စရပ်များအား ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်။
သာမန်ပုဂ္ဂလိက အငြင်းပွားမှု၊ သာမန်မှုခင်းတခုကို အကြောင်းပြုပြီး မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ တည်ငြိမ်စ ပြုလာသည့် အခြေအနေမှာ ပြည်သူလူထုကြီးရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ဆူပူမှုများ ကူးစက်ပျံ့နှံ့ရန် လှုံ့ဆော် လုပ်ဆောင်လာမှုများကို စိတ်မချမ်းမြေ့ ဖွယ် တွေ့မြင်နေရပါတယ်။
 
ဒါကြောင့် ဒီကိစ္စများနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ သဘောထားနဲ့ အစိုးရရဲ့ ရပ်တည်ချက်များကို ရှင်းလင်းပြောကြား သွားမှာ ဖြစ်ပါတယ်။ 


Post a Comment

 
Top