0
 

မတ်လ ၃၀ ရက်၊ ၂၀၁၃ ခုနှစ်။
မြန်မာနိုင်ငံအရပ်ရပ်တွင် အကြမ်းဖက်မှုများ ၊ မီးရှို့မှုများ ၊ဖျက်စီးမှုများကြောင့် အသက်ဆုံးရှုံးခဲ့သူများနှင့်
တရားဥပဒေစိုးမိုးစေရန်အတွက် ရည်စူး၍ မီးထွန်းဆုတောင်းပွဲတစ်ရပ်ကျင်းပခြင်းဖြစ်သည်ဟု စိမ်းရောင်စိုအဖွဲ့မှ ကိုမောင်မောင်ဦးက ပြောသည်။
 

ဒီပွဲလေးက တရားဥပဒေစိုးမိုးရေး ၊ အကြမ်းဖက်မီးရှို့ဖျက်စီးမှုများကိုဆန့်ကျင်တဲ့အတွက်
ဆီမီးထွန်းဆုတောင်းပွဲကျင်းပါတာဖြစ်ပါတယ် ” ဟု ကိုမောင်မောင်ဦးကပြောသည်။
 
အဆိုပါဆုတောင်းပွဲကို မန္တလေးမြို့ ဘုရားကြီးအလယ်တိုက်ကြီးတွင်မတ်လ(၂၉)ရက်နေ့ ညနေ(၆)နာရီတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီးဘာသာပေါင်းစုံမှ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
 
ဆက်လက်၍ ဘုရားကြီးအလယ်တိုက် ဒက္ခိဏရာမကျောင်းတိုက်မှဆရာတော်ဦးခေမာစာရက အားလုံး ညီညွတ်ကြရန်နှင့်ငြိမ်းချမ်းကြရန် တိုက်တွန်းခဲ့ပြီး ဘ၀တစ်ပါးသို့ကူးပြောင်းခဲ့သူများအတွက်ဖယောင်းတိုင်များ ထွန်းညှိပြီးဆုတောင်းပေးကြရန်ပြောကြားခဲ့သည်။
 
တက်ရောက်လာသူများက မိမိတို့သက်ဆိုင်ရာဘာသာအလိုက် တိတ်ဆိတ်ငြိမ်သက်စွာဆုတောင်းခဲ့ကြပြီး ဖယောင်းတိုင်မီးများကို ထွန်းညှိခဲ့ကြသည်။
 
အခမ်းအနားသို့တက်ရောက်လာသူ အစ္စလာမ်ဘာသာရေးခေါင်းဆောင်ဖြစ်သည့် ခလီဖွာ
သိန်းဝင်းအောင်က အကြမ်းဖက်မှုများအား အရေးမယူသည့် အစိုးရများကို အလိုမရှိ ကြောင်း
ယခုလိုပြောကြားခဲ့သည်။
 
မြန်မာပြည်အရပ်ရပ်မှာ မှီတင်းနေထိုင်ကြတဲ့ဘာသာဝင်အပေါင်းငြိမ်းချမ်းနိုင်ကြပါစေ ၊ မြန်မာပြည် ငြိမ်းချမ်းရေးလဲအဓွန့်တည်ပါစေ ၊ အကြမ်းဖက်မှုများကိုအရေးယူမယ့်အစိုးရမျိုးကိုသာအလိုရှိပါတယ် ” ဟု ပြောကြားခဲ့သည်။
မင်းမင်းလတ်-မန္တလေး(မြစ်မခ)

Post a Comment

 
Top