ရန်ကုန်မြို့အတွင်း၌
မိုဘိုင်းဟန်းဆက်နှင့် Tabletများအား အရစ်ကျငွေပေးချေစနစ်ဖြင့်
ရောင်းချမှုများ ရှိလာကြောင်း မိုဘိုင်းအရောင်းဆိုင်များမှ သိရှိရသည်။
မိုဘိုင်းဟန်းဆက်များနှင့် Tablet များကို ၆ လ အရစ်ကျ ငွေပေးချေစနစ်ဖြင့်ရောင်းချပေးနေကြောင်း Today Mobile ဖုန်းဆိုင်မှ သိရှိရသည်။
မတ်လ လကုန်ပိုင်းမှ စတင်ရောင်ချပေးခြင်းဖြစ်ပြီး ၆ လ ငွေပေးချေစနစ်နှင့်ဝယ်ယူသူများလည်း ရှိကြောင်းကိုလည်း သိရသည်။
“ကျွန်တော်က
ခု Samsung Galaxy Mini ၀ယ်ထားတယ်၊ ရုံးက CEOက အာမခံပေးပြီး ယူထားတာ၊ ၁၀
ယောက်လောက် ရှိတယ်၊ ၆ လဆိုတော့ ငွေပေးရတာတစ်လုံးထဲပေးစရာမလိုတော့ဘူးလေ ”ဟု
အရစ်ကျစနစ်ဖြင့် ဖုန်းဟန်းဆက်ဝယ်အသုံးပြုသူ ကိုဇာဏီမောင်ကပြောသည်။
မိုဘိုင်းဟန်းဆက်နှင့်
Tablet များကို ၆ လအတွင်း ငွေပေးချေစနစ်ဖြင့်ရောင်းချရာတွင် Door To Door
စနစ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း၊အာမခံအပေါင်ပစ္စည်း မလိုပဲ
ရာင်းချပေးနေခြင်းဖြစ်ကြောင်းကိုလည်း သုံးစွဲသူများထံက သိရသည်။
ထိုသို့
ရောင်းချပေးရာ၌ တစ်လလျှင် ဖုန်းအလုံး ၅၀၀ အထိ ရောင်းချပေးမည်ဖြစ်ပြီး
ဖုန်းဟန်းဆက် (၁၀) လုံး ဝယ်ပါက (၁)လုံး လက်ဆောင်ပေးမည်ဖြစ်ကြောင်းကိုလည်း
သိရသည်။
၎င်း အစီအစဉ်မှာ Today Mobile ၏ နှစ်ပတ်လည် အစီအစဉ်အဖြစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။
ထို့အပြင် မိုဘိုင်းဟန်းဆက်နှင့် ပတ်သက်ပြီး ဝန်ဆောင်မှုများကိုလည်းအခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပါသည်။
လက်ရှိတွင် GSM နှင့် WCDMA ကတ် သုံးသန်းခန့်နှင့် CDMAတစ်သန်းချထားပေးပြီး ယနေ့အထိ Mobile ဖုန်း အသုံးပြုသူလေးသန်းခန့် ရှိပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်သည့်သတင်းများအရ သိရသည်။
ဧပြီလအတွင်း
တန်ဖိုးနည်း မိုဘိုင်းဆင်းကဒ်များ
ချထားပေးရန်အတွက်စီစဉ်လျက်ရှိကြောင်းကိုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
ထုတ်ပြန်သည့်သတင်းများအရ သိရသည်။
မူရင်းလင့်
မူရင်းလင့်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.