သမ္မတ
ဦးသိန်းစိန်ဟာ လတ်တလောဖြစ်နေတဲ့ မတည်ငြိမ်မှု၊ ဆူပူအကြမ်းဖက်မှုတွေကို ထိန်းသိမ်းကိုင်
တွယ် ဆောင်ရွက်ဖို့အတွက် အရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို
ဖွဲ့စည်း တာဝန်ပေးလိုက်ပါ တယ်။ -
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ အမှတ် ၊ ၃၄
/၂၀၁၃
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်
(၂၀၁၃
ခုနှစ်၊မတ်လ ၃၀ ရက်)
အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီဖွဲ့စည်းခြင်း
၁။
လတ်တလော ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်း ကိုင် တွယ်
ဆောင်ရွက်နိုင်ရန် အတွက် " အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ
" ကို အောက်ပါ အတိုင်း ဖွဲ့စည်းလိုက်ပါသည်-
(က) ဒုတိယဗိုလ်ချုပ်ကြီး ကိုကို - ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန - ဥက္ကဋ္ဌ
(ခ) ဦးအောင်မင်း- ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန (၄) - ဒုတိယဥက္ကဋ္ဌ
(ဂ) ဦးအုန်းမြင့်- ပြည်ထောင်စုဝန်ကြီး မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန - အဖွဲ့ဝင်
(ဃ) ဦးခင်ရီ - ပြည်ထောင်စုဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန - အဖွဲ့ဝင်
(င) ဦးဝင်းမြင့် - ပြည်ထောင်စုဝန်ကြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန - အဖွဲ့ဝင်
(စ) ဗိုလ်မှူးချုပ်အောင်သော်- ဒုတိယဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန - အဖွဲ့ဝင်
(ဆ) ဗိုလ်ချုပ် ဇော်ဝင်း - ဒုတိယဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာန - အဖွဲ့ဝင်
(ဇ) ဦးရဲထွဋ် - ဒုတိယဝန်ကြီး ပြန်ကြားရေးဝန်ကြီးဌာန - အဖွဲ့ဝင်
(ဈ) ဦးဘုန်းဆွေ - ဒုတိယဝန်ကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန - အဖွဲ့ဝင်
(ည) ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း - ဒုတိယဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန - အတွင်းရေးမှူး
၂။ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ -
(က) အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများကြား ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန်။
(ခ) ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင် မြန်မြန် သွားရောက် နှိမ်နင်း နိုင်ရေး (Rapid Response) စီမံပေးရန်။
(ဂ) လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားစေရေး ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန်။ (ဃ) နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီး ကာကွယ်နိုင်ရန် အတွက် အဓိကကျသည့် လှုံ့ဆော်သူများကို ဖော်ထုတ်ပြီး ဖမ်းဆီး ထိန်းသိမ်းရန်နှင့် ဥပဒေအရ အရေးယူ နိုင်ရန်။
(င) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်း စနစ်အား မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်း ဆက်စပ် ဆောင်ရွက်ပေးသွားရန်။
(စ) လူမှုရေး အဖွဲ့အစည်းများ၏ အကူအညီကို ရယူပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားရန်။
၃။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့်လည်း အလားတူ အဖွဲ့အစည်းမျိုး ဖွဲ့စည်း ဆောင်ရွက် သွားရန် ဖြစ်ပါသည်။

ပုံ
(သိန်းစိန်)
နိုင်ငံတော်သမ္မတ
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.