0


Enzo Ferrari ထုတ်လုပ်မှုကို ရပ်တန့်ြ့ပီး အီတလီ Ferrari မှ အသစ်ထုတ် မယ့် မော်ဒယ်သစ်၊ Generation သစ်ကားတစ်မျိုး ဖြစ်ပါတယ်။ LaFerrari  လို့ပဲ အမည်ပေးထားပါတယ်။ Ferrari ရဲ့  ပထမဆုံး ဟိုင်းဘရစ်ပြိုင်ကားလည်း ဖြစ်ပါတယ်။



ဒီဇီုင်းကတော့ Ferrari တွေထဲမှာ ခေတ်ရှေ့ အပြေးဆုံးပါပဲ။ အင်ဂျင်ပါဝါ ၆၆၀၀ စီစီ၊ လျှပ်စစ်မော်တာ ၁၇၀ ကီလိုဝပ်ထုတ်လုပ်နိုင်ပြီး ပါဝါ နှစ်မျိုးပေါင်း မောင်းတဲ့အခါ တစ်နာရီ ၂၁၇ မိုင်တောင် ပြေးနိုင်ပါတယ်။ ၃ စက္ကန့်မပြည့်ခင်မှာတင် တစ်နာရီ ၆၂ မိုင်နှုန်းမြင့်အောင် Starting မှာ စွမ်းဆောင်ရည်ကောင်းလှပါတယ်။

နှစ်ယောက်စီးကား ဖြစ်ပါတယ်။ နောက်ဘက် လေခွင်းတောင်ပံကိုလည်း ဒီဇိုင်းသစ် သုံးထားပါတယ်။ Enzo ကလို မဟုတ်ပါဘူး။ ကာဘွန်ဖိုက်ဘာ ဘော်ဒီနဲ့ အနီရောင် ခပ်တော်တောက်ကတော့ Ferrari ရဲ့  အမှတ်တံဆိပ် တစ်မျိုး ဖြစ်ပါတယ်။

လက်ရှိမှာ ၄၉၉ စီးသာ ထုတ်လုပ်ရသေးပြီး ၂၀၁၃ နှစ်လယ်နောင်းပိုင်းက စလို့ စတင်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: pocketlint
www.colayonline.com.mm
Aung Kham (TSJ team)
မူရင်းလင့်

Post a Comment

 
Top