အသံထက်မြန်သော ရေအောက်ပစ်ဒုံးကျည် အိန္ဒိယအောင်မြင်
အိန္ဒိယ နိုင်ငံ ဘင်္ဂလား ပင်လယ်အော် အတွင်းတွင် မတ်လ ၂၀ ရက်နေ့က ဘရာမိုးဟု အမည် ပေးထား သော အသံထက် မြန်သည့် ရေအောက် ပစ်ဒုံး လက်နက်ကို အောင်မြင်စွာ စမ်းသပ် ပြစ်လွှတ် နိုင်ခဲ့ကြောင်း သိရသည်။ အန်ဒရာ ပရာဒေ့ရှ် ပြည်နယ်၏ တောင်ပိုင်းရှိ ဝိသာခ ပတ္တနမ်မြို့၏ ကမ်းလွန် ပင်လယ်ပြင် အတွင်း အဆိုပါနေ့က အသံထက် မြန်သော ဒုံးလက်နက်ကို ရေငုပ် သင်္ဘောမှ စမ်းသပ် ပစ်လွှတ် ကြည့်ရာတွင် ကီလိုမီနာ ၂၉၀ ကျော်ထိ ရောက်အောင် ပစ်ခတ် နိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါ အသံထက် မြန်သော ဒုံး လက်နက်သည် ကမ္ဘာပေါ်ရှိ ရေငုပ် သင်္ဘောချင်း ပစ်ခတ်သော ဒုံးလက်နက် များအနက် ပထမဆုံး ဖြစ်သည်ဟု သိရသည်။ အိန္ဒိယ နိုင်ငံသည် ရေတပ်နှင့် ကြည်းတပ် အတွက် ဒုံးလက်နက် မျိုးစုံကို အောင်မြင်စွာ စမ်းသပ်တီထွင် နိုင်သော နိုင်ငံတစ်နိုင်ငံ လည်းဖြစ်သည်။
ဘရာမိုး ဒုံးကျည်ကို ယခုအခါ အိန္ဒိယ ရေငုပ်သင်္ဘော များတွင် တပ် ဆင် အသုံးပြုရန် အသင့်ဖြစ် နေပြီဟု သိရသည်။ ယင်းဒုံးကျဉ်း များသည် ရေငုပ်တွင် ပစ်ဖတ် နိုင်သလို ရေပေါ်သို့လည်း ပစ်ခတ်နိုင်သော ကမ္ဘာ့စွမ်းအင် အမြင့်ဆုံး လက်နက်တစ်ခု ဖြစ်သည်ဟု လည်းသိရသည်။ အိန္ဒိယနိုင်ငံသည် လာမည့် ၂၀၁၂ ခုနှစ်တွင် အဆိုပါ အသံထက်မြန်သော ဒုံးလက်နက်ထက် ပိုမိုပြင်းထန် သော ဒုံးလက်နက် ဆန်းကို တီထွင် နိုင်ဦးမည်ဟု သိရသည်။
မောင်လင်းသန့်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.