
မတ်လ ၉ ရက်၊ ၂၀၁၃ စနေနေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ကမ္ဘာ့အဆင့်မီမဟိဓိုးလ်တက္ကသိုလ်တွင် ရခိုင်သမိုင်းဆိုင်ရာနိုင်ငံတကာပညာရှင်များရှင်းလင်းပွဲ(
International Seminar on the History of Rakhine ( Arakan) ကို
ဦးပညာစက္က၊ ဦးရေ၀တ ရခိုင်ရဟန်းတော် ၂ ပါး၊ ဦးကျော်သောင်း၊ ဦးအံ့မောင်၊
ဦးဆန်းလွင်၊ ကိုဝင်းမောင်၊ ကိုဇော်မင်းထွန်း စသော မျိုးချစ်များ၊ ကျောင်းသူ၊သားများ၊ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းရခိုင်အလုပ်သမားများနှင့်
ပြည်နိုင်ငံများရှိ ရခိုင်များမှ ကြီးမူးကျင်းပခဲ့ကြသည်။ အဆိုပါ
သမိုင်းရှင်းလင်းပွဲတွင် နိုင်ငံတကာသံရုံမှ အရာရှိများ (
ဘင်္ဂလားဒေရှ့်နိုင်ငံမှတက်ရောက်ခဲ့သည်)၊
ရခိုင်ပြည်နယ်မှ ပါတီကြီး ၂ ခု၏အကြီးကဲများဖြစ်သော ဒေါက်တာအေးမောင် (
ရတပ)၊ ဦးအေးသာအောင် ( အေအယ်လ်ဒီ)၊ တက္ကသိုလ်အသီးသီးမှ ကျောင်သား၊သူများ၊
ဆရာများ၊ အမေရိကန်၊ ဂျပန် စတဲ့နိုင်ငံများမှ အမေရိကန်လူမျိုး၊ ဂျပန်လူမျိုး
ဧည့်သည်များနှင့် တခြားဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါပွဲတွင် ပညာရှင်များအနေနဲ့ ဒေါက်တာ ဂျပ်ပလိုက်ဒါ ( အာရှလေ့လာရေး)
ပါမောက္ခ ( ပြင်သစ်)၊ ဒေါက်တာအတီဖင် ဗင်ဂလင် ( အာရှလေ့လာရေး) ပါမောက္ခ၊
ဒေါက်တာအေးချမ်း ( နိုင်ငံတကာလေ့လာရေးနှင့် သမိုင်းပါမောက္ခ) တို့က
ဦးဆောင်ဟောပြောခဲ့ကြသည်။
အဆိုပါပွဲတွင် ဦးဌေးလွင်ဦးသည် ပွဲမစမှီ မိနစ် ၃၀ တွင်သာ ပွဲတက်ရန် မှတ်ပုံတင်ပြီးတက်ရောက်ခဲ့ကြောင်း၊ ဦးဌေးလွင်ဦသည် အင်တာနက်မှကူယူဒေါင်းလော့လုပ်လာသော စာရွက်တထပ်ဖြင့် ရိုဟင်ဂျာဆိုတာ ရခိုင်ပြည်နယ်ထဲ့မှာ အစကတည်းကရှိနေခဲ့တယ်ဟု ကြိုင်တင်ပြင်ဆင်လာသည့်အတိုင်း
မေးခွန်းထုပ်ခဲ့သည်။ အဆိုပါ မေးခွန်းကို ဒေါက်တာအေးချမ်းမှ "
ဘင်္ဂါလားဒေ့ရှ်မှာနေသော ရခိုင်များကို ဘင်္ဂလားများက ဟိုတုန်းက ရွင်ဂျာ
ဟုခေါ်ကြကြောင်းဖြစ်၍ ရွင်ဂျာဟုသာရှိကြောင်း၊ အဆိုပါ ရွင်ဂျာနာမည်မှာ
ဘင်္ဂါလီများကိုပြောသော စကားမဟုတ်ကြောင်း၊ ဘင်္ဂါလီများက ရခိုင်များကိုပြောသော
စကားဖြစ်ကြောင်း၊ ရိုဟင်ဂျာဟုမရှိခဲ့ကြောင်း ဘင်္ဂလားဂေဇစ်တိယတွင်
အင်္ဂလိပ်များမှတ်တမ်းများအရသိရကြောင်း
ဖြေကြားရာ၊ ဦးဌေးလွင်ဦးမှ ယင်းသိုဆိုလျှင် ကွန်ုပ်တွင်ပါသော ၁၉
ရာစုခေတ်က စာအုပ်ကိုကိုးကားထားသော ဤစာပိုဒ်တွင် ( သူ့တွင်ရှိသော
စာရွက်များကိုကိုး ဒေါက်တာအေးချမ်းအားပြပြီပြောသည်) ရိုဟင်ဂျာဟုဆိုထားကြောင်းထောက်ပြသည်။ ဒေါက်တာအေးချမ်းမှ ယင်းစာအုပ်ကိုသူဖတ်ဖူးကြောင်း ယင်းတွင်ပြောထားသော ရွင်ဂျာမှာ ဘင်္ဂါလီကိုခေါ်တာမဟုတ်ကြောင်း၊ ဘင်္ဂါလားတွင်နေသော ရခိုင်များကို ဘင်္ဂါလီများကခေါ်သောအခေါ်ဝေါ်သာဖြစ်ကြောင်းရှင်းပြခဲ့ပြီး၊
ဦးဌေးလွင်ဦးကိုးကားသော စာအုပ်မှာ ဆင့်ပွားအရင်းအမြစ် ( Secondary
Resource) ဖြစ်ကြောင်း ၊ ဆင့်ပွားအရင်းမြစ်ကို သမိုင်းပညာရှင်များ
မကိုးကားကြောင်း၊ ဒေနေရာတွင်ရှိသော သမိုင်းပညာရှင်များသည်လည်း
ဆင့်ပွားအရင်းမြစ်များကို တဦးတယောက်မှ မကိုးကားကြကြောင်း၊ သို့ဖြစ်၍
ဌေးလွင်ဦးကိုးကားသော အကြောင်းအရာ၏ မူရင်းအရင်းမြစ် ( Primary Resource)
ကိုပြပါဟု တောင်းသောအခါ - ဥိးဌေးလွင်ဦးမှာ မပြနိုင်ပဲရှိလေသည်။ ဤတွင်
ဆရာအေးချမ်းမှ ငါပြောတာက မူးရင်း ရင်းမြစ် ( Primary Resource)
ကိုသာထောက်ဆပြီးပြောသည်ဖြစ်၍ လုံးဝတိကျကြောင်း၊ ခိုင်မာကြောင်း ပြန်လည်ချေပတ်ခဲ့သည်။ ဤတွင် မေးခွန်းချိန်ပြည့်သဖြင့် အဆုံးသတ်ခဲ့ကြသည်။
ပြောလိုသည်မှာ ဦးဌေးလွင်ဦးသည် အခန်းအနားမဆုံးမီ
အခန်းထဲ့မှထွက်သွားပြီး အင်မတန်အဆင့်အတန်းရှိသော ( ကမ္ဘာ့အဆင့်မှီ
မဟိဓိုးလ်) တက္ကသိုလ် သန့်စင်ခန်းတွင် မဆင်မခြင် ကွမ်းတံထွေးထွေးခဲ့ကြောင်း
တာဝန်ကျ လုံခြုံရေးမှပြောသည်။ ဤအခန်းအနားသို့် တက်ရောက်လာသူများသည်
ပညာရေးနယ်ပယ်မှလာသူများသာများဖြစ်သည်။
အလုပ်သများဖြစ်သော်လည်း ပွဲဖြစ်မြောက်ရေးကော်မတီမှ သီးသန့်၊
စည်းကမ်းတကျရွေးချယ်ထားသော လက်ရွေးစင်များပီးပီး ကွမ်းစားခြင်း၊
ဆေးလိပ်သောက်ခြင်းများကို စစ်ဆေးတားမြစ်ခဲ့သည်။ အခန်းအနားသို့
တက်ရောက်လာသူများထဲ့တွင် ကွမ်းစားသူတယောက်သာပါသည်။ ( လုံခြုံရေး၏
စစ်ဆေးချက်အရသိရသည်။ လုံခြုံရေးထားသည်မှာ ဒေါက်တာအေးမောင် စသော
ဝန်ကြီးများ၏ လုံခြုံရေးကြောင်းဖြစ်သည်။) ကွမ်းစားသူတယောက်မှာ အခန်းနားတက်ရောက်ရန် နောက်ဆုံး မှတ်ပုံတင်လာသော ဦးဌေးလွင်ဦးတယောက်တည်းသာဖြစ်သည်။ ( လုံခြုံးရေး၏သတင်းပေးပို့ချက်အရ ကော်မတီမှလူကြီးများမှသိရ၏၊ ကော်မတီလူကြီးများ၏
ပြောကြားချက်အရ ဤစကားကို အတည်ပြုတင်ပြလိုက်ရပါသည်)။
လင့်-http://www.facebook.com/photo.php?fbid=224234264387243&set=a.114390948704909.24238.100004020147314&type=1
Post a Comment