ကနေ့ (မတ်လ ၉ ရက်) နေ့လည် ၁၂ နာရီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်းပွဲကို စတင် ကျင်းပခဲ့

Description
=======
ကိုကျော်သောင်း:::
“ပြည်ပ အခြေစိုက် မြန်မာ မီဒီယာတွေ အပြင် နိုင်ငံခြား မီဒီယာတွေ တွေဟာ
ကျွန်တော် အင်္ဂလိပ်ခေတ်၊ မြန်မာ အစိုးရ ခေတ် အဆက်ဆက်မှာ တစ်ခါမှ
သမိုင်းအဆက်ဆက်မှာ မရှိခဲ့ဖူးတဲ့ ရိုဟင်ဂျာဆိုတဲ့ နာမည်တစ်ခုကို ထုတ်လွှင့်
နေတယ်။ ဒီနာမည်ကို မတွင် တွင်အောင် လုပ်နေတယ်။ ဒါဟာ ကျွန်တော်တို့
သမိုင်းကို အကျဉ်းအကျပ် ဖြစ်အောင် လုပ်နေတယ်။ ဒီလို သမိုင်းဆိုင်ရာမှာ
အကျဉ်းအကျပ် ဖြစ်နေတာကို ခုလို သမိုင်းပညာရှင်တွေက အရှိပကတိ ရှင်းရှင်း
လင်းလင်း ထောက်ပြခြင်းဟာ အမှားနဲ့ အမှန်ကို ပြည်ပ အခြေစိုက် မီဒီယာတွေ
သိရှိအောင် မိတ်ဆက်ပေးခြင်း ဖြစ်ပါတယ်။ ဒုတိယ အနေနဲ့ ဒီသမိုင်းပညာရှင်တွေက
ရှင်းလင်း ပေးခဲ့တဲ့ ရခိုင်းသမိုင်းနဲ့ ပတ်သက်ပြီး ဒီရိုဟင်ဂျာ လူမျိုးတု
တစ်ခု အကြောင်းကို နိုင်ငံတကာ တက္ကသိုလ်တွေမှာ နောင်လာ နောက်သားတွေ
ကိုးကားနိုင်အောင် သမိုင်းဆိုင်ရာ အချက်အလက်တွေ ကျန်ခဲ့အောင် ရည်ရွယ်ပါတယ်”
ရခိုင်သမိုင်းကို နှစ်ပေါင်း ၂၀ ကျော်ကြာ အသေးစိတ် သုတေသနပြု လေ့လာသူ
ပြင်သစ်နိုင်ငံသား သမိုင်းပညာရှင် Dr Jacques Leider က ရိုဟင်ဂျာဟာ
တိုင်းရင်းသား မဟုတ်ဟု ပြောဆို...
"ရိုဟင်ဂျာဆိုတာ
တိုင်းရင်းသားလူမျိုးဖြစ်ပါတယ် ဆိုတဲ့ concept မရှိပါဘူး။ သူတို့အနေနဲ့
မတ်တပ်ရပ်ပြီးတော့ သူတို့ဟာမြန်မာတိုင်းရင်းသားပါလို့တော့
ကြွေးကြော်လို့ရတာပေါ့လေ။ ဒါပေမယ့် ဒီလိုအော်နေတာက အကောင်းဆုံးနည်းလမ်းမဟုတ်ဘူးလို့တော့ ကျွန်တော်ထင်ပါတယ်။သူတို့အနေနဲ့ရခိုင်ပြည်မှာမျိုးဆက်တစ်ခုမက နေထိုင်လာကြတဲ့ မူဆလင်တွေပါ လို့ပြောရင်တော့ ငြင်းဖို့ခက်ပါမယ်။ ရိုဟင်ဂျာဆိုတာ ဝေါဟာရ တခုပါ။""
Credit:Pee Por, ကိုသောင်း ပုလဲမြေ
Post a Comment