0
ကင်းထောက် လေယာဉ်များအဖြစ် အသုံးပြုလေ့ရှိ သည့် မောင်းသူမဲ့ယာဉ်များကို ယခုအခါ ဆွစ်ဇာလန် နိုင်ငံရှိ ထောက်လှမ်းရေး ဌာနခွဲတစ်ခုဖြစ်သည့် EPFL မှ သုတေသီများက အဆင့်မြှင့်တင် တီထွင်လိုက်ပါပြီ။

 နောက်ဆုံးပေါ် မောင်းသူမဲ့ လေယာဉ်များတွင် အတား အဆီးများ ကိုဖောက်ထွင်း သွားနိုင်ရန် ရိုတာဒလက် များ တပ်ဆင်ထားသည်။ ထို့ကြောင့်အဆိုပါ မောင်းသူ မဲ့လေယာဉ် အသေးစားလေးများ အနေဖြင့် အတား ဆီးများကို လိုသလိုရှောင်ရှား သွားနိုင်ရုံမျှမက လိုအပ် လာလျှင် ပိတ်ဆို့နေသည့် နံရံများနှင့်အရာဝတ္ထုများ ကိုပင် ဖောက်ထွင်းသွားနိုင် တော့မည်ဖြစ်သည်။ထို့ပြင်အဆိုပါ မောင်းသူမဲ့ယာဉ်လေးများက အခင်းဖြစ် ပွားရာ နေရာများနှင့် သဘာဝဘေးဒဏ်သင့် ဒေသ များသို့ပင် သွားရောက်ကင်းထောက်ပြီး အခင်းဖြစ် ရာနေရာကိုမြေပုံကြမ်းများ ရေးဆွဲပေး သွားနိုင်မည် ဖြစ်သည်။ 
 မူရင်းလင့်-ဒီမှာလည်းဖတ်နိုင်ပါတယ်


Post a Comment

 
Top