မိတ်ဆွေတစ်ယောက်နဲ
့ စကားစပ်မိတော့ စစ်သားတွေ Facebook မသုံးရဆိုတဲ့  ကိစ္စကိုမေးမြန်းမိတယ် ။
သူပြောပုံ အရဆိုရင်တော့ မသုံးရလို့ အမိန့်ထုတ်ထားတာ မှန်ကန်မှုရှိတယ်လို့ ဆိုပါတယ် ။
လူမှုကွန်ယက်ဆိုက်များဖြစ်တဲ့ Facebook, Twitter များ မသုံးရဘူးလို့  ကြားတဲ့အတွက် နေပြည်တော်မှ အတော်အလှမ်းဝေးတဲ့ နယ်မြို့တွေက တပ်မတော်သားများက အမိန့်ကိုစတင်နာခံပြီး မိမိတို့အကောင့်များကို ဖျက်သွားကြပါတယ် ။
ပိုပြီး သေသေချာချာ ပြောနိုင်တာကတော့ နေပြည်တော်မှ တပ်မတော်အကြီးတန်း တပ်မတော်ပိုင်းဆိုင်ရာ ထိပ်တန်း ဆိုက်ဘာစစ်ဆင်ရေး ညွှန်ကြားသူ ဗိုလ်ချုပ်ကြီးများ၏ အမိန့်ဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာကို ပြန်လည်ထိမ်းသိမ်းရန် နာမည်ကြီး အကောင့်များကို ဗဟိုကွန်ပြုတာစနစ်ဖြင့် အလိုအလျောက် လှမ်းဖျက်ပစ် ဘန်းပစ်တာဖြစ်ကြောင်း မှန်တယ်လို့ ဦးရဲထွဋ်ရဲ့ ရုံးမှ အမည်မဖော်လိုသူ အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ် ။

Post a Comment