ဝက်အရှင်များကို သေနတ်နှင့်ပစ်နေတဲ့ ဗြိတိသျှတပ်မတော်မှ ဆရာဝန်များ
ခွဲစိတ် ဆရာဝန်တွေက ဝက်အရှင်တွေကို သေနတ်နှင့် ပစ်ခတ်ပြီး ခွဲစိတ်ကုသပေးတဲ့ လက်တွေ့ လေ့ကျင့်မှု ပြုလုပ် စေခဲ့ တာကြောင့် တိရစ္ဆာန် အခွင့်အရေး (Animal Rights) ကာကွယ် သူများ၏ ဝေဖန် ပြစ်တင် မှုကို ရင်ဆိုင်နေရပါတယ်။ စစ်မြေပြင်မှာ သေနတ် မှန်တဲ့ စစ်သား တွေကို အရေးပေါ် ခွဲစိတ် ကုသမှု အမြန်ဆုံး ပြုနိုင်ဖို့ ဝက်တွေကို သေနတ်နှင့် ပစ်ခတ်ပြီး အလားတူ အခြေအနေ ဖန်တီးကာ လေ့ကျင့် ခြင်းဖြစ် ပါတယ်။
မကြာသေးခင်က ဒိန်းမတ် နိုင်ငံမှာ ပြုလုပ်တဲ့ နေတိုး တပ်ဖွဲ့တွေရဲ့ လေ့ကျင့်မှုမှာ ဝက်အရှင် ၁၈ ကောင် အသုံး ပြုခဲ့ပါတယ်။ ဝက်တွေရဲ့ ပစ်ခတ်ခံရမယ့် ကြွက်သား နေရာမှာ စက်ဝိုင်း ပုံအမှတ် အသား ပြုလုပ် ထားပြီး စနိုက် ပါသေနတ် သမား ၃ ဦးက ပစ်ခတ်တယ်။ စစ်မြေ ပြင်မှာ လူသားတွေ သေနတ် ထိမှန် ခံရနိုင်တဲ့ အနေအထား မျိုးနဲ့ ဆင်တူအောင် ပစ်ခတ်ခြင်း ဖြစ်ပါတယ်။ အဲဒီနောက် တပ်မတော် ခွဲစိတ် ဆရာဝန် တွေဟာ အဆိုပါ ဝက်တွေကို အသက် ကယ်နည်း စနစ်တွေ သုံးပြီး ခွဲစိတ် ကုသ ကာ နာရီ တော်တော် ကြာအောင် ဆက်လက် အသက် ရှင်နေဖို့ လုပ်ဆောင် ပါတယ်။ အဲဒီ ဝက်တွေကို တကယ် သတ်မပစ် ခင် အချိန်အထိ တိုင်အောင်ပေါ့။ ဝက်တွေဟာ ခန္ဓာဗေဒအရ လူသားနဲ့ ဆင်တူတဲ့ ကိုယ်တွင်း အင်္ဂါ စနစ်တွေ ရှိတာကြောင့် ဝက်တွေနဲ့ အရေးပေါ် လေ့ကျင့်ခြင်း ဟာ အဖိုး တန်တဲ့ အတွေ့ အကြုံတွေ ရရှိစေပြီး စစ်မြေ ပြင်က စစ်သား (လူသား) တွေရဲ့ အသက် ကို ကယ်တင် ရာမှာ အ ကျိုးရှိ စေလိမ့်မယ်လို့ ဆို ပါတယ်။
အပြည့်အစုံကိုဒီမှာနှိပ်ဖတ်ပါ

Post a Comment