တရုတ်နိုင်ငံသားနှင့် လက်ထပ်ရန်အတွက် ရွာထဲတွင်
လှည့်လည်သွေးဆောင်နေသူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့်
အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၁၂ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်၊
လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ နမ့်စမ်ကျေးရွာတွင်
တစ်ခုလပ်/အပျိုများမှ တရုတ်နိုင်ငံသားများအား ယူမည့်သူရှိပါက
တင့်တောင်းတင့်တယ် တောင်းရမ်းယူမည်ဟု လှည့်လည်ပြောဆိုနေသူ လားရှိုးမြို့၊ ၁၂
ရပ်ကွက်၊ နယ်မြေ (၁၇) နေ မအေးရင် (ခ) မအားလျှံ (၄၃) နှစ်နှင့်
လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာနေ ဒေါ်အေးဖြစ် (၅၆) နှစ်တို့ နှစ်ဦးအား
နမ့်စမ်ရွာသူကြီးအိမ်တွင် ခေါ်ဆောင်ထားကြောင်း သတင်းရရှိသဖြင့်
လားရှိုးလူကုန်ကူးမှု (အထူးအဖွဲ့) မှ တပ်ဖွဲ့ဝင်များ
သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံကိုဒီမှာနှိပ်ဖတ်ပါ
Subscribe to:
Post Comments (Atom)
Post a Comment