1
 
အခုနောက်ပိုင်း Mobile Phone တွေမှာ အင်တာနက် စနစ်ပါတွဲအသုံးပြုနိုင်ပါတယ်။ Mobile Phone အသုံးပြုသူ ထက်ဝက်ကျော်က ဖုန်းပြောတာထက် Internet ကို ပိုအသုံးပြုကြတယ်လို့တောင် MPT ကဆိုပါတယ်။ တချို့က Mobile Phone မှာပဲ အင်တာနက် အသုံးပြုရတာကို အားမရကြဘူး။ မိမိရဲ့ Computer/Laptop စသည်ဖြင့် ဖုန်းက အင်တာနက် စနစ်ကို Computer မှာ အသုံးပြုချင်ကြတယ်။ ကျွန်တော့်ကို မေးတဲ့သူလဲ အရမ်းများနေတယ်။ အဲဒီအတွက် တခြား မသိ့သေးတဲ့ သူတွေအတွက်ပါ အဆင်ပြေအောင်ဆိုပြီး ဒီ Post လေးကို ရေးလိုက်တာပါ။

Android ဖုန်း အသုံးပြုတဲ့သူတွေအနေနဲ့ ဖုန်းက အင်တာနက်စနစ်ကို computer မှာအသုံးပြုဖို့အတွက် ပထမဆုံးသိ့ရမှာက မိမိကိုင်ထားတဲ့ ဖုန်းက Android Version 2.2 (or) 2.2 နဲ့ အထက် အသုံးပြုထားတဲ့ ဖုန်း ဖြစ်ရပါမယ်။ တခြားနည်းလမ်းတွေလဲ အများကြီး ရှိပါသေးတယ်။ ဒါက wi fi လွင့်ပြီး သုံးတဲ့ နည်းပါ။ ကျွန်တော် အလျဉ်းသင့်သလို ရေးပြီး တင်ပေးသွားပါ့မယ်။

မိမိဖုန်းရဲ့ Android Version ကြည့်နည်း

Phone Setting > About Phone > Android Version မှာ ကြည့်နိုင်ပါတယ်။

Step (1) ပထမဆုံး မိမိဖုန်း SIM Card မှာ Internet လိုင်းဖွင့်ထားပြီး ဖုန်းထဲမှာ APN Setting ထည့်ပြီး Internet အရန်သင့် အသုံးပြုနိုင်တဲ့ အနေအထားမှာ ရှိနေရပါမယ်။ 
Step (2) အဆင့် ၂ အနေနဲ့ ဖုန်းမှာ Wi Fi Hotspot တစ်ခု Create လုပ်ပေးရပါမယ်။

Wi Fi Hotspot ပြုလုပ်ရန်

Phone Setting > Wireless and Networks > Tethering and portable hotspot ကို သွားလိုက်ပါ။
ပြီးရင်တော့ Portable WiFi Hotspot Setting ထဲကို ထပ်ဝင်လိုက်ပါ။ Configure Portable Wi Fi hotspot ဆိုတာကို ထပ်ဝင်ပါ။ ကျွန်တော်တို့ Wi Fi Hotspot တစ်ခု Create လုပ်ရပါမယ်။
Configure Portable Wi-Fi hotspot ကို ၀င်လိုက်ပြီဆိုရင် Network SSID, Security , Password ဆိုပြီးရှိပါတယ်။ 
Network SSID - ဒီနေရာမှာ မိမိ ကြိုက်နှစ်သက်ရာ နာမည် တစ်ခုကို ပေးပါ။ အခုပေးလိုက်တဲ့ နာမည်ကို computer ရဲ့ wireless နေကြည့်လိုက်မယ်ဆိုရင် မြင်နေရမှာ ဖြစ်ပါတယ်။ 
Security - ဒီနေရာမှာတော့ security type ရွှေးစရာတွေ ပါလာခဲ့ရင် WPA2 PSK ကို ရွှေးထားဖို့ ကျွန်တော်ကတော့ အကြံပေးချင်ပါတယ်။ 
Password - ဆိုတာကတော့ ခင်ဗျားတို့ သိ့တဲ့ အတိုင်းပဲ ။ ကိုယ်ကြိုက်နှစ်သက်ရာ ရေးနိုင်ပါတယ်။ အနည်းဆုံး ၈ လုံးလောက်တော့ ပေးသင့်ပါတယ်။ ကိုယ်ပေးထားတဲ့ password ကို မှတ်ထားပါ။ 
 
Computer taskbar ညာဘက်အောက်ခြေမှာရှိတဲ့ Wireless Icon လေးကို နှိပ်လိုက်ပါ။ ပထမဆုံး ပေးထားတဲ့ Network SSID Name လေး ပေါ်လာပါမယ်။ အဲဒါလေးကို Contact လုပ်ပြီး မိမိပေးထားတဲ့ password ကို ရိုက်ထည့်ပေးလိုက်ပါ။ Internet Access ဖြစ်သွားပြီဆိုရင်တော့ Android Phone က Internet Connection ကို Computer မှာ အသုံးပြုလို့ ရပါပြီ ဗျာ။
ကဲလိုအင်ဆန္ဒအ၀၀ပြည့်စုံနိုင်ကြပါစေလို့ ဆန္ဒများနဲ့ (ဝေယံ-လေရူးသုန်သုန်) 

Post a Comment

  1. Samsung Galaxy Note3 မှ Acer Aspire 4750zg မှာconnect ပြပြီး အ၀ါရောင်icoည အုပ်နေလို့ pc က computer
    မှာ Driver စုံတယ် Computer management မှာ Note လို့တွေ့ရပြီး အ၀ါရောင် Icon မရှိပါ အခြား Phone များနဲ့အဆင်ပြေပါတယ် Note3 နဲ့ပဲမရတာပါ ဘာကြောင့်လဲ ကူညီပါဦး.....

    ReplyDelete

 
Top