0

 

အသစ်ထွက်ပေါ်မည့် Samsung Galaxy Note 3 သည် Ultra High Definition ဗီဒီယို ရိုက်ကူးနိုင်မည့် ပထမဦးဆုံးစမတ်ဖုန်း ဖြစ်လာဖွယ်ရှိကြောင်း ကိုရီးယား စီးပွားရေးနေ့စဉ် သတင်းစာမှဖော်ပြခဲ့သည်။
အဆိုပါ သတင်းစာမှ ဖော်ပြချက်အရ Samsung Galaxy Note 3 သည် 4K (3,840x2,160 pixel) ဗီဒီယိုရိုက်ကူးနိုင်မည့် ပထမဦးဆုံး phablet ဖြစ်လာနိုင်ကြောင်း၊ သီချင်းများကိုလည်း 24-bit/192 KHz
ဖြင့်ထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။

လက်ရှိစမတ်ဖုန်း ဈေးကွက်တွင် 4K resolution ဖြင့် ဗီဒီယိုရိုက်ကူးနိုင်သည့် စမတ်ဖုန်းမရှိသေးသောကြောင့် Galaxy Note 3 တွင် Ultra HD ဗီဒီယိုရိုက်ကူးနိုင်မည့် သတင်းမှာ Samsung ပရိသတ်များ
အတွက် စိတ်ဝင်စားဖွယ် သတင်းကောင်းတစ်ရပ် ဖြစ်သည်။
Samsung သည် Galaxy Note3 ကို စက်တင်ဘာလ ၄ ရက်တွင် ဘာလင်မြို့၌ ကျင်းပမည့် IFA ပြပွဲ၌ မိတ်ဆက်ပြသမည်ဖြစ်ပြီး ၎င်းနှင့်အတူ Galaxy Gear စမတ်နာရီကိုလည်း မိတ်ဆက်ပြသမည်ဟု သိရသည်။

-နောင်နောင်
Ref: CNET Asia

Myanmar internet journal

Post a Comment

 
Top