Appleမှ iPhoneအသစ်များ
ထွက်ရှိလာခြင်းနဲ့ အတူ iOS 7ကိုပါ တစ်ခါတည်း မိတ်ဆက်ပွဲထုတ် ခဲ့ပါတယ်။ iOS 7မှာက ပြောင်းလဲ
ပြင်ဆင်မှုတွေ များစွာ ပြုလုပ်ခဲ့ပြီး ကြိုက်တဲ့လူတွေ ရှိသလို မကြိုက်တဲ့ လူတွေလည်း
အများအပြားပါ။ ဒါကြောင့် အဆိုပါ iOS 7နဲ့ ပတ်သက်ပြီး အသုံးပြုသူတွေရဲ့ မကြိုက်တဲ့ အချက်အချို့ကို
စုစည်းတင်ဆက် ပေးလိုက်ပါတယ်။
၁။ နံပါတ်တစ်ကတော့
iOS 7မှာ ပါ၀င်လာတဲ့ ပြားချပ်ချပ် iconတွေဟာ ကလေးတွေ အတွက် ရည်ရွယ်ဖန်တီးထားတာ ဖြစ်တယ်လို့
ဆိုနေကြပါတယ်။ ဒါ့အပြင် Batteryသုံးစွဲ နှုန်းကလည်း အရမ်းမြန်နေပါတယ်။
၂။ ဒါ့အပြင် iOS
7ရဲ့ ထူးခြားချက် တစ်ခုဖြစ်တဲ့ Control Centreမှာ Wi-Fi On/Offသာ လုပ်နိုင်ပြီး ဘယ်
Wi-Fiကွန်ရက်နဲ့ ချိတ်ဆက်မယ် ဆိုတာကိုတော့ မရွေးချယ်နိုင်ပါဘူး။
၃။ အရင်
Notificationအဟောင်း မှာလိုမျိုး Tweetလုပ်လို့ ရတဲ့ ပုံစံကိုလည်း အခု စနစ်အသစ်မှာ
သုံးချင်ပါသတဲ့။
၄။ ပြီးတော့
Conversationတစ်ခုမှာ Messageတွေကို ဖျက်ချင်ရင် တစ်ခါတည်း ‘Delete’ဆိုတာ မပါဘဲနဲ့
Copy, More… ဆိုပြီး အရစ်ရှည်အောင် စီစဉ်ခြင်းဟာ အလုပ်ရှုပ်စေပါတယ်။
၅။ Folderတစ်ခုထဲမှာ
ထားတဲ့ Appတစ်ခုကို ဖွင့်သုံးပြီး Home Buttonကို နှိပ်လိုက်ရင် Home Screenကို မရောက်ဘဲနဲ့
သင်မူလဖွင့်ခဲ့တဲ့ Folderကို ပြန်ရောက်မှာ ဖြစ်ပါတယ်။ Home Screenကို ရောက်ချင်ရင်တော့
နှစ်ချက်နှိပ်ရမှာပါ။
၆။ နောက်တစ်ချက်က
Screenဟာ အရမ်းကို တောက်ပလွန်းနေ ပါသတဲ့။
၇။ ဒါ့အပြင် iOS
7မှာ ပါ၀င်လာတဲ့ Weather Appဟာ ပုံမှန် Updateမလုပ်ဘူးလို့ ဆိုထားပါတယ်။ အသုံးပြုသူ
တစ်ယောက်က သူ့ဖုန်းရဲ့ Weatherဟာ မိုးရွာနေတဲ့ ပုံကိုပဲ တစ်နေကုန်ပြနေပြီး တကယ်တမ်း
အပြင်မှာကျတော့ နေပူနေတာ ဖြစ်ပါတယ်။
၈။ ပြီးတော့ iOS
7မှာ အသစ်ထည့်သွင်း ပေးထားတဲ့ Wallpaperအချို့ဟာ မလှပဘူး ဆိုတဲ့ ေ၀ဖန်မှုတွေနဲ့လည်း
ကြုံနေရပါတယ်။
၉။ အချို့ Appတွေကတော့
ဖွင့်လိုက်ရင် ရပ်သွားတတ်ပြီး အဆင်မပြေဘူးလို့လည်း သိရပါတယ်။
၁၀။ ဒါ့အပြင် ဖုန်းထဲမှာ
Alarm Ringtoneဟာလည်း အလိုလျောက် ပြောင်းလဲသွားပါသတဲ့။
၁၁။ နောက်ဆုံး တစ်ချက်ကတော့
Home Screenကနေ ညာဖက်ကို Swipeလုပ်လိုက်ပေမယ့် Search Functionပေါ် မလာဘူးလို့ သိရပါတယ်။
Ref & Credit - Myanmar ICT
Post a Comment