ကမ္ဘာကျော် နည်းပညာကုမ္ပဏီ
Appleမှ ၎င်းတို့ရဲ့ All-In-Oneသုံးလို့ ရတဲ့ iMacကို နောက်ဆုံးထွက် Haswell
Processor, ပိုမိုကောင်းမွန်တဲ့ ဂရပ်ဖစ်၊ ပိုမိုမြန်ဆန်တဲ့ SSD, Wi-Fi Generationအသစ်
တွေနဲ့အတူ မိတ်ဆက်ကြေညာ လိုက်ကြောင်း သိရပါတယ်။ ပြောင်းလဲ ပြင်ဆင်မှုတွေနဲ့ ဖန်တီးထားတဲ့
အဆိုပါ iMacအသစ်ဟာ ဒီနေ့မှ စတင်ပြီး Apple Storeတွေနဲ့ Onlineပေါ်မှာ ၀ယ်ယူနိုင်ပြီလို့
ဆိုပါတယ်။
မျက်နှာပြင်အကျယ်
၂၁.၅လက်မအရွယ် ရှိတဲ့ အဆိုပါ iMacမှာ 2.7GHz Quad-Core Intrel Core i5 Processorတပ်ဆင်
ထားတဲ့ Modelဆိုရင် ဒေါ်လာ ၁၃၀၀ကျသင့်မှာ ဖြစ်ပါတယ်။ 2.9GHz Quad-Core Intel Core
i5နဲ့ ဂရပ်ဖစ်အတွက် Nvidia GeForce GT 750Mပါ ထည့်သွင်း အသုံးပြုထားတဲ့ Modelဆိုရင်တော့
ဒေါ်လာ ၁၅၀၀လို့ သတ်မှတ်ထားပါတယ်။ သူတို့ထက် အရွယ်အစား ပိုမိုကြီးမားတဲ့ ၂၇လက်မအရွယ်
iMacကတော့ 3.2GHz Processorနဲ့ ဆိုရင် ဒေါ်လာ ၁၈၀၀၊ 3.4GHz Processorနဲ့ ဆိုရင် ဒေါ်လာ
နှစ်ထောင် အသီးသီး ဈေးနှုန်းတွေ သတ်မှတ် ထားပါတယ်။
အဆိုပါ iMacတွေမှာ
အသုံးပြုထားတဲ့ Nvidiaဂရပ်ဖစ်ဟာ ဗီဒီယို memory 4GBရှိတယ်လို့ လည်းသိရပါတယ်။ ဒါ့အပြင်
DDR3 RAMကိုလည်း 32GB of 1600MHသုံးထားကာ Flash Storage 1TBသုံးထားတာ မို့လို့ အလွန်အဆင့်မြင့်တဲ့
All-In-One Desktopတစ်လုံးပါ။ Fusion Storageအနေနဲ့လည်း 3TBစီစဉ် ပေးထားတယ်လို့ ဆိုပါတယ်။
ယခု အသစ်ပြင်ဆင် မွမ်းမံ ထွက်ရှိလာတဲ့ iMacဟာ ရှေ့ကထွက် ရှိလာတဲ့ မျိုးဆက်တွေ ထက်
Storage Optionပိုင်းတွေမှာ ၅၀%ပိုမို မြန်ဆန်ပြီး 802.11ac Wi-Fiစနစ် အသစ်ကိုလည်း
ထည့်သွင်း ပေးထားပါတယ်။ အဆိုပါ စနစ်အသစ်ဟာ Wi-Fi Routerကနေ လွှင့်ပေးတဲ့ ကြိုးမဲ့
Conncetionကို Rangeပိုေ၀းတဲ့ နေရာကနေ ဖမ်းနိုင်သလို ပိုမိုမြန်ဆန်တဲ့ Transfer
Speedလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။
Ref-Myanmar ICT
Post a Comment