0

 
Apple ကုမ္ပဏီက iOS 7 ကို ဖြန့်ချိပြီး မရှေးမနှောင်းမှာပင် GameCase ကုမ္ပဏီက iOS 7 ဂိမ်းခလုတ်ကို ပွဲထုတ်မိတ်ဆက် ပေးခဲ့သည်။iPhone နှင့် iPad တွင် Bluetooth နှင့်ချိတ်ဆက်ပြီး ဂိမ်းကစားနိုင်မည့် GameCase iOS7 ဂိမ်းခလုတ်တွင် ဘက်ထရီပါဝင်မည်ဖြစ်ပြီး analog stick နှစ်ခု၊ directionalpad တစ်ခု on/off ခလုတ်တစ်ခုနှင့် XY-AB ခလုတ်လေးခုတို့ ပါဝင်မည်ဖြစ်သည်။ ကျောဘက်တွင် bumper နှင့် trigger နှစ်ခုစီပါဝင်ပြီး ရာဘာလက်ကိုင်ကို အသုံးပြုထားသည့် အတွက် ဂိမ်းကစားရာတွင် သက်သောင့်သက်သာ ရှိစေမည်ဖြစ်သည်။


GameCase iOS7 ဂိမ်းခလုတ်သည် လက်ဆုပ်လက်ကိုင် ပြနိုင်သည့် အဆင့်အထိ မရောက်သေးသော်လည်း ၎င်းကို iPhone 4/4S, iPhone 5/5S, iPhone 5C, iPad Mini, iPad 2/3/4 တို့နှင့်ချိတ် ဆက်ကစားနိုင်မည်ဟု GameCase website တွင်ဖော်ပြထားသည်။

-နောင်နောင်၊
Ref: CNET

Post a Comment

 
Top