0

 

ကိုရီးယား သမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိသည့် လုပ်သားများ အနေဖြင့် ကိုရီးယား အလုပ်သမား ဝန်ကြီးဌာန၏ သတ်မှတ်ချက်အရ ကိုးရီးယား လူ့စွမ်းအားဖွံ့ဖြိုးမှု အဖွဲ့အစည်းမှ စီစဉ် ကျင်းပသည့် EPS - Topik  ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲဖြေဆို လိုသူများအတွက် လျှောက်လွှာများကို စက်တင်ဘာလ ၃၀ ရက်မှ စတင်၍ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ၄၃ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် ဗိုလ်မင်းရောင် လမ်းထောင့်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ပင်လုံခန်းမတွင် ထုတ်ပေးမည်ဟု သတင်း ရရှိသည်။ လျှောက်လွှာများကို ဖြေဆိုမည့်သူ ကိုယ်တိုင် အောက်တိုဘာလ ၃ ရက် နောက်ဆုံးထား ၍ ပြန်တင်သွင်းရမည် ဖြစ်သည်။



 လျှောက်လွှာများကို အသက် ၁၈ နှစ်မှ ၃၉ နှစ် အတွင်းရှိ ပြစ်မှုကင်းစင်သူ၊ ကျန်းမာရေး ကောင်းမွန်သူ၊ ထောင်ဒဏ်ကျခံဖူးခြင်း မရှိသူ၊ မိခင်နိုင်ငံမှ ပြည်ပသို့ ထွက်ခွာရန် တားမြစ်ထားခြင်း မခံရသူနှင့် ကိုရီးယားသမ္မတနိုင်ငံမှ နှင်ထုတ်ထားခြင်း၊ တရားမဝင် နေထိုင်ဖူးခြင်း မရှိသူများ လျှောက်ထားနိုင်သည်။ စာမေးပွဲကို အောက်တိုဘာလ ၉  ရက်နှင့် ၁၀ ရက် များတွင် စစ်ဆေးသွားမည်ဟု သိရသည်။



ကိုဟိန်း

Ref-Myanmar internet Journal

Post a Comment

 
Top