အသုံးပြုတာ ကြာလာတာနဲ့အမျှ
သင့် Android Phone မှာ Apps, Photos, Media တွေ အပြင် Uninstall လုပ်လိုက်တဲ့
Apps တွေကျန်ခဲ့တဲ့ အမှိုက်ဖိုင်တွေနဲ့ ပြည့်လာပါတယ်။
ဖုန်းမှာ နေရာပြည့်လာရင် Flash Memoryရဲ့Write Performance ကျဆင်းလာတဲ့အတွက် ဖုန်းက
လေးလံ နှေးကွေးလာပါတယ်။ ဖုန်းမှာ မလိုအပ်တဲ့ဖိုင်တွေ၊ Apps တွေကိုရှင်းခြင်းအားဖြင့်
ဖုန်းကို ပြန်လည် မြန်ဆန်အောင် ပြုလုပ်နိုင်ပါတယ်။
အမြန်ဆုံးနည်းကတော့
Factory Reset ချပါ။
Factory Reset ချရင်
Apps, Files တွေကို ဖျက်ပစ်မှာဖြစ်ပြီး သင့်ဖုန်းကို စက်ရုံထုတ်အတိုင်း လျှင်လျှင်မြန်မြန်နဲ့
အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ သင့်ဖုန်းက Contacts, Emailsနဲ့ တစ်ခြားဒေတာတွေကို
Google Accountနဲ့ Sync လုပ်ထားရင် ပြန်ပြီး အသုံးပြုလို့ရမှာပါ။ တစ်ခြား Sync
Feature ပါရှိတဲ့ Apps တွေမှာလည်း Sync လုပ်ခြင်းဖြင့် ဒေတာတွေကို ပြန်အသုံးပြုနိုင်ပါတယ်။
Google Play Store က ၀ယ်ထားတဲ့ Apps တွေကိုလည်း ပြန်ပြီး ဒေါင်းလုပ် လုပ်နိုင်ပါတယ်။
Text Messages, Photos, Music, Video စတာတွေကို ကွန်ပြူတာမှာ သိမ်းနိုင်သလို
Dropbox, GoogleDrive တို့လို Cloud Storage တွေမှာ သိမ်းနိုင်ပါတယ်။ Angry Birds,
Cut the Rope တို့လို Game Progress တွေကိုတော့ သင်ဆုံးရှုံးမှာပါ။ Factory Reset ချဖို့အတွက်
Settings ထဲက Backup & Resetမှာ ပြုလုပ်နိုင်ပါတယ်။ သင့်ဖုန်းဟာ Root လုပ်ထားရင်
Titanium Backup လို App ကိုသုံးပြီး App Data တွေကိုပါ သိမ်းထားနို်င်ပြီး
Factory Reset ချပြီးရင် ပြန်သုံးနိုင်ပါတယ်။
Apps တွေကို
Uninstall လုပ်ပါ။
အသုံးမပြုတဲ့
Apps တွေကို Uninstall လုပ်ပါ။ Settings ထဲက Apps ကိုသွားပြီး အသုံးမပြုတဲ့ Apps တွေကို
Uninstall လုပ်ပါ။ Android 4.0 မှာဆိုရင် App ကို ဖိထားပြီး Drag & Drop လုပ်ပြီး
Uninstall လုပ်နိုင်ပါတယ်။
ဖိုင်ဆိုက်ကြီးတဲ့
Apps တွေကို ရွေးချယ်ဖြုတ်ချင်ရင်
Settings ထဲက Apps ထဲသွားပြီး
Downloaded tab ကိုနှိပ်ပါ။ Menu ကိုနှိပ်ပြီး Sort by size ကိုနှိပ်ပါ။ ဒါဆိုရင်ဖိုင်ဆိုက်ကြီးတဲ့
Apps တွေကို ကြီးစဉ်ငယ်လိုက် တွေ့မြင်နိုင်ပြီး ဖြုတ်နိုင်ပါတယ်။
Delete Files
Settings ထဲက
Storage မှာ သင့်ဖုန်းမှာ နေရာယူထားတဲ့ ဖိုင်တွေကို Category အလိုက် ပြပေးထားပါတယ်။
နေရာယူထားတဲ့ Space ကိုလည်း Category အလိုက် တွေ့မြင်နိုင်ပါတယ်။
Category တစ်ခုချင်းစီကို
ရွေးချယ်ပြီး ဖိုင်တွေကို ရှင်းလင်းနိုင်ပါတယ်။ ဥပမာအားဖြင့် Pictures, Videos ကိုရွေးချယ်ရင်
Gallery App ပွင့်လာမှာဖြစ်ပြီး Pictures, Videos တွေကို ရှင်းနိုင်ပါတယ်။ Gallery
App က Google+ Photos တွေကိုပါ ပြပေးနိုင်ပါတယ်။
တစ်ခြား
Category တွေဖြစ်တဲ့ Audio, Downloads, Cached data, Misc စတာတွေကိုလည်းရှင်းလင်းနိုင်ပါတယ်။
Downloads ကိုနှိပ်ရင် Downloads Appကို ဖွင့်ပေးမှာဖြစ်ပြီး Download လုပ်ထားတဲ့ ဖိုင်တွေကို
ရှင်းနိုင်ပါတယ်။ Cached data and Misc မှာ Apps တွေရဲ့ ဖိုင်တွေကို ပြပေးပါတယ်။ အဲဒီ
Category အားလုံးက ဖိုင်တွေကို ရှင်းလင်းပြီး Free Space တွေ ရရှိနိုင်ပါတယ်။
ဖိုင်တွေကို ရှင်းလင်းဖို့အတွက်
အသုံး၀င်တဲ့ DiskUsage app ကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒီ App က ဖိုင်တွေ၊ ဖိုဒါတွေကို
Graphical Overview အနေနဲ့ ပြပေးနိုင်ပြီး
သင့်ဖုန်းမှာ နေရာအများဆုံး ယူထားတဲ့ ဖိုင်တွေကို လျှင်မြန်စွာ သိရှိနိုင်ပြီး ရှင်းလင်းနိုင်ပါတယ်။
android-diskusage-app
နောက်နည်းတစ်ခုကတော့
ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး ဖိုင်တွေကို ကွန်ပြူတာကို ကူးပါ။ ကွန်ပြူတာကို ကူးပြီးရင်တော့ ဖုန်းမှာ အဲဒီဖိုင်
တွေကို ဖျက်ပစ် ပြီးနေရာလွတ်တွေ ရရှိနိုင်ပါပြီ။
အပေါ်ကနည်းတွေကို
အသုံးပြုပြီးရင်တော့ သင့်ဖုန်းမှာနေရာလွတ်တွေ ရရှိလာပြီး ဖုန်းကလည်း သင့်အတွက် မြန်မြန်ဆန်ဆန်နဲ့
အလုပ် လုပ်ပေးတော့မှာ ဖြစ်ပါတယ်။
Ref & Credit-Myanmar ICT
Post a Comment