အခုတော့ အသက် ၁၆ နှစ် ရှိသွားပြီ။ လွန်ခဲ့တဲ့
တစ်နှစ်တိတိက သူဘာလုပ်ခဲ့လဲဆိုတာကို သိရင် လက်ရှိ သူဘာလုပ်မယ်ဆိုတာကို
လူတိုင်း ခန့်မှန်းကြည့်နိုင်ပါတယ်။ အမည်က Jack Andraka လို့ အမည်ရပါတယ်။
ငယ်ငယ်လေးကတည်းကနေ သူ သတိထားမိလာတာ တစ်ခုက
လူအတော်များများဟာ ကင်ဆာကြောင့် ကွယ်လွန်ခြင်းပါ။ အိမ်နီးနားချင်းတွေအပြင်၊
ဆွေးမျိုးသားချင်းတွေအထိပါ ကင်ဆာကြောင့် အသက်ဆုံးရှုံး သွားရတာတွေ
မြင်ရတော့ နာကျည်းစိတ်တစ်ခု ရလိုက်သလိုပါပဲ။ အသဲ၊ အစာအိမ်နဲ့ ဂလင်းမှာ
အခြေတည်ပြီး ဖြစ်တဲ့တဲ့ ပန်ကရိယ ကင်ဆာ (ဂလင်းကင်ဆာ) ဟာ သူ့အတွက် ရန်သူ
တစ်ကောင် ဖြစ်လာပါတယ်။ အကြောင်း ကတော့ စစ်ဆေးလို့အဖြေမပေါ်ပဲ အချိန်လွန်ပြီး
လူတွေ သေနေကြရလို့ပါ။ ဒီတော့ မီးဖိုချောင်ဟာ သူ့အတွက် ဓာတ်ခွဲခန်း
တစ်ခုအလား ဖြစ်လာပါတယ်။
အသက် ၁၃ နှစ်အရွယ်ကစလို့ Google ကနေရှာပြီး
ပန်ကရိယ ကင်ဆာအကြောင်းတွေ ရှာဖတ်နေပြီ။ လက်ရှိ အသုံးပြုနေတဲ့ ရှာဖွေ
စစ်ဆေး စက်ပစ္စည်းက လွန်ခဲ့တဲ့ နှစ် ၄၀ က ဟာကိုပဲ မပြောင်းပဲ
အသုံးပြုနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကင်ဆာဆဲလ်တွေ့ရှိနိုင်ချေက ၁၀ပုံပုံ ၁
ပုံတောင် မရှိပါဘူး။ ဆီထုတ်ထုတ်တဲ့ Dipstick တစ်ချောင်းရယ်။ ဆေးဆိုင်က
ဝယ်ယူတဲ့ ပရိုတိန်းတစ်မျိုး (Mesolthelin) ဆေးရည်နဲ့ အခြားသော ဆေးပစ္စည်း
အစုံအလင်က သူ့အတွက် သုတေသန ပြုစရာ ပစ္စည်းများ ဖြစ်လာ ပါတော့တယ်။
အီလက်ထရွန်ဓာတ် အပြည့်အဝ စီဆင်းစေမယ့် Paper sensor တစ်မျိုးကို
စတင်ပြုလုပ်ပါတယ်။ လူတွေရဲ့  ဆီး၊သွေးကို ယင်း စာရွက်ပေါ်တင်ပြီး
မှန်ပြောင်းနဲ့ လေ့လာရုံ၊ ကွန်ပြူတာနဲ့ Scan ဖတ်လိုက်ရုံနဲ့ ပန်ကရိယ ကင်ဆာ
ရှိမရှိ အလွယ်တကူ စစ်ဆေးနိုင်မယ့် နည်းပညာနဲ့ ပစ္စည်း ဖြစ်ပါတယ်။
လက်ရှိ
အသုံးပြုနေတဲ့ ပန်ကရိယ ကင်ဆာစစ်ဆေးရေး စက်ထပ် အာရုံခံနိုင်မှု စွမ်းအားက
အစ ၄၀၀ တောင် ကွာပြီး ဈေးနှုန်းအားဖြင့်ကလည်း အစပေါင်း ၂၆၀၀၀၀
သက်သာနေပါတယ်။ အကြောင်းကတော့ အဲ့အတွက် ၁ဒေါ်လာရဲ့  ၁၀ပုံပုံ ၁ပုံ ( 1 cent)
ပဲ ကုန်ကျလို့လေ။ ကင်ဆာရောဂါ စမ်းသပ်စက်ပစ္စည်းကြီးများနဲ့ ကြိုးစား
လုပ်ဆောင်နေတဲ့ ဓာတ်ခွဲခန်းနဲ့ ပညာရှင်များကို အရှက်ခွဲလိုက်သလိုပါပဲ။
စမ်းသပ်မှု ပြီးမြောက်ဖို့ အနည်းငယ် အလိုမှာ ဓာတ်ခွဲခန်းတွေကို
စာပို့ပါတယ်။ အမေရိကန် နိုင်ငံအတွင်းက ကင်ဆာ သုတေသန ပြုလုပ်နေကြတဲ့
ဓာတ်ခွဲခန်းပေါင်း ၂၀၀ ကျော်ကို သူ့ရဲ့  သုတေသန စာတမ်းများ ပို့လိုက်ပါတယ်။
၂၀၀ မှာ ၁၉၉ ခုသော ဓာတ်ခွဲန်းက ငြင်ဆန်ပြီး John Hopkins တက္ကသိုလ်က
ဒေါက်တာ Anarban Maitra ကတော့ ခွင့်ပြုပေးလိုက်ပါတယ်။ အဲဒီမှာစမ်းသပ်ပြီး
၂၀၁၂ အမှီမှာ အောင်မြင်မှု ရရှိသွားတာပါပဲ။
အဲ့နောက်ပိုင်း
အမေရိကန်ကရော၊ ကမ္ဘာက ပေးအပ်တဲ့ ဆုတံဆိပ်အမျိုးမျိုး ရရှိပြီး လူသိများတဲ့
သုတေသန ပညာရှင် တစ်ဦး ဖြစ်လာပါတော့တယ်။ လက်ရှိ ဆုကြေးငွေ အမေရိကန်ဒေါ်လာ
၁သိန်းကျော် ရရှိထားပြီး အခြားသော သုတေသနများ ပြုလုပ်ဖို့အတွက်
ငွေကြေးထောက်ပံ့မှုကိုလည်း အပြည့်အဝရရှိထားပါတယ်။ 2013 Social God Summit
မှာ တက်ရောက် ဟောပြောခွင့်ရပါတယ်။ ကမ္ဘာမှာ ၁ ရာခိုင်နှုန်းမျှသာ ရှိတဲ့
သုနေတနပညာရှင် လူဦးရေထဲကို ပါဝင်လာတဲ့ ထူးချွန်ပညာရှင် တစ်ဦးမို့ပါ။
သူ့ရဲ့  နောက်ထပ် ခြေလှမ်းများက အခြားသော ကင်ဆာအမျိုးအစားနဲ့ HIV တို့လို
ရောဂါတို့ကို ရှာဖွေဖော်ထုတ်မယ့် သုတေသန ဖြစ်ပါတယ်။
Social Good Summit မှာ သူပြောခဲ့တဲ့ စကားအချို့ ကို အောက်ပါအတိုင်း ကောက်နုတ်ပေးလိုက် ရပါတယ်။
"Science shouldn't be a luxury, and knowledge shouldn't be a commodity,"
“သိပ္ပံပညာရပ်ဟာ ဇိမ်ခံပစ္စည်း မဟုတ်ဘူး။ ပညာဆိုတာ လူတိုင်း ရသင့်ရထိုက်တဲ့ အသုံးအဆောင် ပစ္စည်းတစ်ခု ဖြစ်တယ်”
"Imagine if we lived in a knowledge democracy. It should be a basic human right."
“ကျနော်တို့ဟာ
တရားမျှတတဲ့ ပညာရေး စနစ် (ပညာ ဒီမိုကရေစီ စနစ်) မှာနေထိုင်တယ်လို့
ယူဆကြည့်ပါ။ ဒါဟာ တစ်ကမ္ဘာလုံးအတွက် အခြေခံအကျဆုံး လူ့အခွင့်အရေးတစ်ခုပဲ
ဖြစ်ပါတယ်။”
.အောင်ခမ်း (TSJ Team)
Ref: mashable
http://blog.techspace.com.mm
Subscribe to:
Post Comments (Atom)
Post a Comment