မကြာမီကမှ ထွက်ရှိထားတဲ့
Appleရဲ့ iPhoneအသစ်တွေ ဖြစ်တဲ့ iPhone 5Sနဲ့ iPhone 5Cတို့ရဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
အဲဒါကတော့ iPhone 5Sဟာ တပ်ဆင်ဖန်တီးဖို့ ဒေါ်လာ ၂၀၀ခန့် ကုန်ကျပြီး iPhone 5Cကတော့
၁၇၃ဒေါ်လာကနေ ၁၈၃ဒေါ်လာခန့် ကုန်ကျတယ် ဆိုတာပါပဲ။ အဲဒီမှာမှ iPhoneတစ်လုံး ချင်းစီမှာ
ပါ၀င်တဲ့ Displayဟာ ကုန်ကျစရိတ် အမြင့်ဆုံး ဖြစ်ပြီး သတင်းထုတ်ပြန်ချက်အရ ၄၁ဒေါ်လာ
ကုန်ကျတယ်လို့ သိရပါတယ်။
iPhone 5Sမှာ
16GB Modelအတွက် ဆိုရင် ဒေါ်လာ ၂၀၀ကုန်ကျပြီး 64GBအတွက် ဆိုရင်တော့ တပ်ဆင် ဖန်တီးဖို့
၂၁၈ဒေါ်လာ ကုန်ကျတယ်လို့ သိရပါတယ်။ ဒါနဲ့တင် မပြီးသေးပါဘူး။ iPhoneတစ်လုံး ဖြစ်တည်လာဖို့
အစိတ်အပိုင်းတွေ တပ်ဆင်ဖို့ကိုလည်း Appleအနေနဲ့ ၈ဒေါ်လာစီ အသုံးပြုရတာ ဖြစ်ပါတယ်။
အဲဒီလိုတွေ ကုန်ကျပြီးတော့
ပြန်လည်ရောင်းချတဲ့ အခါမှာတော့ Appleအနေနဲ့ iPhone 5Sကို ၆၄၉ဒေါ်လာ၊ ၈၄၉ဒေါ်လာ အသီးသီး
ရောင်းချနေပြီး iPhone 5Cကိုတော့ ၅၄၉ဒေါ်လာ၊ ၆၄၉ဒေါ်လာ အသီးသီး ရောင်းချလျက် ရှိပါတယ်။
ဘာပဲပြောပြော Appleရဲ့ iPhoneအသစ်ဟာ ထွက်ရှိပြီး သုံးရက်အတွင်းမှာတင် အလွန်အောင်မြင်
ခဲ့ပြီး ကမ္ဘာအရပ်ရပ်မှာ အလုံးရေ ကိုးသန်းခန့် ရောင်းချခဲ့ရကာ စံချိန်တင်ခဲ့ပါတယ်။
Ref-Myanmar ICT
Post a Comment