ဥပဒေဆိုင်ရာ
ဒီပလိုမာဘွဲ့အား အွန်လိုင်းမှတစ်ဆင့် ရယူနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်တွင်
ဖော်ပြထားချက်အရ သိရသည်။
ရန်ကုန်အဝေးသင်
တက္ကသိုလ် ဥပဒေရေးရာဌာန အနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဥပဒေဒီပလိုမာ သင်တန်းကို ၂၀၁၂
ခုနှစ်မှ စတင် အကောင်ထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ စက်တင်ဘာလ ၁၄ ရက် စွဲဖြင့် ကြေညာထားချက်
အရ သိရသည်။ အဆိုပါ ဒီပလိုမာသင်တန်းကို စာသင်ကာလနှစ်ခု ခွဲထားပြီး တစ်ခုကို ငါးလ သတ်မှတ်ထားကြောင်းသိရသည်။
စာမေးပွဲ ဖြေဆိုရာ၌ ရုံးချိန်ပြင်ပ ဖြေဆိုလိုသူများ အတွက် ပိုမို အဆင်ပြေစေရန် နံနက်
၆ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်ပေးထားသည်ဟု သိရသည်။
အွန်လိုင်းမှ
ဥပဒေ ဒီပလိုမာ လျှောက်ထားလိုသူများ အနေဖြင့် www.yudeonline.com.mm မှ လျှောက်ထားနိုင်ကြောင်း
သိရသည်။ ယခုနှစ်တွင် ဒုတိယအသုတ် ဒီပလိုမာသင်တန်း
ပထမနှစ်ဝက် ဖြေဆိုသူ တစ်ရာကျော်ရှိပြီး ပထမအသုတ် ဒီပလိုမာသင်တန်း ဒုတိယ နှစ်ဝက်ဖြေဆိုသူ
ငါးဆယ့်လေးဦး ရှိကြောင်း၊ ဖြေဆိုပြီး ရက်ပိုင်းအတွင်း ရလဒ်များကို အွန်လိုင်း၌ ထုတ်ပြန်ပေးမည်
ဖြစ်ကြောင်း သိရသည်။ ရန်ကုန် အဝေးသင် တက္ကသိုလ်၌ ကျန်ဘာသာရပ်များကိုလည်း ၂၀၁၃ ခုနှစ်၊
ဒီဇင်ဘာလ မှစတင်ကာ အွန်လိုင်းမှတစ်ဆင့် ဒီဂရီပေးနိုင်ရန် ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှ သတင်း
ထုတ်ပြန်သည်။
ထွန်းထွန်း
Ref-Myanmar ICT
Post a Comment