0

မြန်မာနိုင်ငံ၌ အင်တာနက်အသုံးပြုသူ ၁ သန်း ၃ သိန်းကျော်ရှိသည့်အတွက် လူ ၁၀၀ လျှင် ၂ဦးကျော်ခန့်သာ အင်တာနက်ကို အသုံးပြုနိုင်သေးကြောင်း၊ လာမည့် ၂၀၁၄ ခုနှစ်၌ လူ ၁၀၀ လျှင် ၇ ဦးခန့် အင်တာနက်အသုံးပြုနိုင်ရန် ရည်မှန်းဆောင်ရွက်လျှက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော်က နိုင်ငံပိုင်သတင်းစာနှင့် တွေ့ဆုံစဉ်ပြောသည်။



မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ အရေအတွက်မှာ ၁သန်း ၂ သိန်း ၅ သောင်းကျော်ရှိပြီး ADSL အင်တာနက်လိုင်း အသုံးပြုသူအရေအတွက်မှာ ၇ သောင်းကျော်ရှိမည်ဟု လက်ရှိခန့်မှန်းထားသည်။ မြန်မာနိုင်ငံ၌ မိုဘိုင်းအင်တာနက်လိုင်း၊ ADSL အင်တာနက်လိုင်း ၊ iP Star အင်တာနက်လိုင်း၊ E1 အင်တာနက်လိုင်း၊ ဖိုက်ဘာအင်တာနက်လိုင်းနှင့် အခြားသော အင်တာနက်လိုင်းအသီးသီးကို တပ်ဆင်အသုံးပြုလျှက်ရှိသည်။


၁၉၉၈ ခုနှစ်မှ စတင်အသုံးပြုလာခဲ့သော အင်တာနက်စနစ်ကို ၂၀၀၀ ပြည့်နှစ်မှသာ ပြည်သူများအနေဖြင့် အသုံးပြုခွင့်ရရှိခဲ့ကြောင်း လက်ရှိ မြန်မာနိုင်ငံ၌အသုံးပြုနေသည့် Bandwidth ပမာဏမှာ 13.33Gbps ရှိပြီး လူ ၁၀၀ လျှင် ၇ ဦးခန့် အင်တာနက်အသုံးပြုနိုင်ရန် Bandwidth ပမာဏကို 40 Gbps အထိ တိုးချဲ့ရမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်သည်။


 မြင့်ကျော်လှိုင်

Ref-Myanmar internet Journal

Post a Comment

 
Top