မြန်မာအိုင်စီတီ
ပရိသတ်တွေ လေ့လာဆန်းစစ် နိုင်စေဖို့ Samsungနဲ့ အပြိုင် တောင်ကိုရီးယား အခြေစိုက်ပဲ
ဖြစ်တဲ့ LGမှ လတ်တစ်လောမှာ ထွက်ရှိထားတဲ့ G2ဖုန်းနဲ့ Optimus G Proဖုန်းကို အချက်တစ်ခုချင်းစီ
နှိုင်းယှဉ်ပြထားပါတယ်။ အဆိုပါ ဖုန်းနှစ်မျိုးစလုံးဟာ လက်ရှိပြည်တွင်း ဈေးကွက်မှာ ၀ယ်ယူနိုင်ပြီးတော့
စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်ဖုန်းက ဘယ်လိုကောင်းပြီး
၀ယ်သင့်/မ၀ယ်သင့် စဉ်းစားနိုင်စေဖို့ တင်ဆက်ပေးလိုက် ပါတယ်။
အဆိုပါ ဖုန်းနှစ်လုံးမှာ
Optimus G Proဟာ G2ဖုန်းထက် စောပြီး ထွက်ရှိခဲ့ပေမယ့် ဈေးနှုန်းအပါအ၀င် အချက်တစ်ခုချင်းစီ
နှိုင်းယှဉ်ကြည့်နိုင်တာဟာ စိတ်၀င်စားစရာပါ။ LG G2ကတော့ G Proရဲ့ နောက်မျိုးဆက် ဖြစ်တာကြောင့်
ပိုသာတဲ့ အချက်တွေ များစွာပါ၀င်နေကာ G Proဟာလည်း ၂၀၁၃ခုနှစ်ရဲ့ အကောင်းဆုံး စမတ်ဖုန်းစာရင်း၀င်
ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Dsplay
LG Optimus G
Proနဲ့ G2ဖုန်း နှစ်မျိုးစလုံးဟာ Full HD(1080×1920) ရုပ်ထွက် အရည်အသွေးရှိကာ မျက်နှာပြင်အကျယ်ကတော့
G Proက ၅.၅လက်မ၊ G2က ၅.၂လက်မ ဖြစ်ပါတယ်။ G2ထက် အရင်ထွက်ရှိခဲ့တဲ့ Optimus G Proက မျက်နှာပြင်ပိုကြီး
ပါတယ်။ ဒါကြောင့် Screenကျယ်ကျယ်တွေ ခေတ်စားနေတဲ့ အခုခေတ်မှာ ဖုန်းကြီးကြီးကို နှစ်သက်တဲ့
လူတွေ အတွက် ရွေးချယ်စရာ တစ်ခုဆိုရင် မမှားပါဘူး။
Hardware, CPU
& OS
Optimus G Proမှာက
Quad-Core 1.7 GHz Krait 300ဆိုတဲ့ CPUကို တပ်ဆင် အသုံးပြုထားကာ သူ့ရဲ့ မျိုးဆက်
G2မှာတော့ Quad-Core 2.26GHz Krait 400ဆိုတဲ့ CPUဖြစ်လာတာ ကြောင့် G2စမတ်ဖုန်းသစ် ဟာပိုမို
မြန်ဆန်ကောင်းမွန် လာပါတယ်။ ဖုန်းတွင်းမှတ်ဉာဏ် အနေနဲ့လည်း ဖုန်းနှစ်မျိုးစလုံးဟာ
16GB/ 32GB Modelနှစ်မျိုးစီ ရှိပြီး RAMကိုလည်း 2GBစီ အသီးသီး သုံးပေးထား ပါတယ်။
Optimus G Proမှာ Android OSဗားရှင်း 4.1.2(Jelly Bean)သုံးပေးထားကာ Userအနေနဲ့
Upgradeလုပ်ချင် ရင်လည်း လုပ်နိုင်ပါတယ်။ G2မှာတော့ Android Version 4.2.2(Jelly
Bean) ဖြစ်ပါတယ်။
Batteryပိုင်း ကြည့်မယ်ဆိုရင်
LGရဲ့ မျိုးဆက်သစ် G2ဖုန်းမှာ ဖြုတ်/တပ်လို့ မရတဲ့ Li-Po 3000mAh Battery အသုံးပြုပေးထားပြီး
Optimus G Proမှာကတော့ ဖြုတ်နိုင်၊ တပ်နိုင်တဲ့ Batteryပါ၀င် တယ်လို့ သိရပါတယ်။ ဒါဟာ
အားသာချက် တစ်ခုပါ။ ဒါ့အပြင် မျိုးဆက်သစ် ဆိုတဲ့ LG G2မှာက microSDကဒ် ထပ်မံ ထည့်သွင်း
နိုင်မှာ မဟုတ်ပေမယ့် Optimus G Proမှာကတော့ Userတွေ အဆင်ပြေအောင် micro SD Card
Slotတစ်ခု စီစဉ်ပေးထားပါတယ်။
Camera
ကင်မရာကတော့ ဖုန်းနှစ်မျိုးလုံး
13MPနဲ့ Resolutionကလည်း အတူတူပဲ ဖြစ်ကာ ဘာမှမကွာခြားပါဘူး။ ရှေ့ကင်မရာဟာလည်း ဖုန်းနှစ်မျိုးစလုံးမှာ
2.1MPစီ ဖြစ်ပါတယ်။
လက်ရှိ ပြည်တွင်း
ဈေးကွက်မှာတော့ Optimus G Proဟာ ၆သိန်းကျပ် ၀န်းကျင် ရှိနေပြီး ၎င်းရဲ့မျိုးဆက် G2နဲ့လည်း
ဈေးနှုန်း သိပ်မကွာခြားတာကို တွေ့ရပါတယ်။ ဒါကြောင့် အားသာချက်၊ အားနည်းချက် အသီးသီး
ရှိတဲ့ တောင်ကိုရီးယား အခြေစိုက် LGရဲ့ အဆင့်မြင့် စမတ်ဖုန်းတွေကို မြန်မာပြည်သူတွေ
ရွေးချယ် ၀ယ်ယူနိုင်စေဖို့ တင်ဆက်ပေးလိုက် ရပါတယ်။
Ref-Myanmar ICT
Post a Comment