မိုက္ကရိုဆော့ဖ်
ကုမ္ပဏီမှထုတ်လုပ်သော ဆော့ဖ်ဝဲလ်များအား ပြည်တွင်း ကိုယ်စားလှယ်များထံမှ တစ်ဆင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း
သိရသည်။
Windows အပါအ၀င်
Office, Photoshop အစရှိတဲ့ ဆော့ဖ်ဝဲလ်အားလုံးကို ဝယ်ယူနိုင်မည်ဖြစ်သည်။ “ဈေးကတော့
အမျိုးမျိုးရှိပါတယ်။ တစ်ယောက်ချင်းဝယ်ရင် ဈေးကတော့ နည်းနည်းကြီးမှာပေါ။့ ကုမ္ပဏီတွေကျတော့
လုပ်ငန်းသဘောတူညီချက်တွေ ရှိတယ်။ ဝန်ထမ်း (၂၅၀) ကျော်အတွက် ဝယ်လို့ရှိရင် ပိုသက်သာတဲ့အစီအစဉ်မျိုး
ရှိပါတယ်” ဟု MIT ကုမ္ပဏီမှ CEO ဦးထွန်းသူရသက်က ပြောသည်။ ကျောင်းများ၊ အဖွဲ့အစည်းများအတွက်
ဝယ်ယူပါက သက်သာသောနှုန်းထားတစ်ရပ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လိုင်စင်ဗားရှင်း
ဝယ်ယူခြင်းဖြင့် တရားဝင်အသိအမှတ်ပြု အထောက်အပံ့များ ရရှိမည်ဖြစ်သည်ဟု Knowledge
Centricity (Myanmar) Pte Ltd မှ ဒါရိုက်တာ ဒေါ်လွင်လွင်ငြိမ်းချမ်းက ပြောသည်။ “လိုင်စင်ဗားရှင်းဝယ်ရင်
Support ရှိတာပေါ့။ 24/7 Support ရှိမယ်။ Online, Phone Support ရှိမယ်။ နောက်ပြီး
Free Update လုပ်လို့ရတာတွေ ရှိမယ်။ ဒါမျိုးတွေပေါ့” ဟု ၎င်းက ပြောသည်။ လိုင်စင်ဗားရှင်းတစ်ခုနှင့်
တစ်ခု သုံးသည့်အပေါ်တွင် မူတည်ပြီး အထောက်အပံ့ပေးခြင်း (Structure) မျိုးလည်း တူညီမည်မဟုတ်ကြောင်း
၎င်းကဆက်လက်ပြောကြားသည်။ လိုင်စင်ဗားရှင်းဖြင့် အသုံးပြုရန်မှာ မြန်မာနိုင်ငံအနေအထားအရ
တစ်ဦးချင်းဝင်ငွေအပေါ်မူတည်ပြီး အခက်အခဲအနည်းငယ်ရှိကြောင်း ပုံမှန်အသုံးပြုသူတစ်ဦးက
ပြောသည်။
မိုက္ကရိုဆော့ဖ်ကုမ္ပဏီမှ
ထုတ်လုပ်သော Software များကို KMD, Access Spectrum, MIT, CTT, DAT, MCC အစရှိသော ကိုယ်စားလှယ်များထံမှ
ဝယ်ယူနိုင်ကြောင်းသိရသည်။ “လိုင်စင်က ပုံမှန်တော့ OS က စပြီး ဝယ်ရတာပေါ့။ OS ဝယ်လို့ရှိရင်
အားလုံးဝယ်ဖို့ လိုလားဆိုတော့ တကယ်တမ်းကျတော့ ကျွန်တော်တို့ ဝယ်ရမှာပေါ့။ လိုင်စင်ဗားရှင်းမဖြစ်ရင်တော့
Contract မဟုတ်ဘူးပေါ့။ လိုင်စင်ဝယ်တာ မဝယ်တာကတော့ မြန်မာနိုင်ငံမှာ ဝင်ငွေအနေအထားအရ
ဟုတ်ပါတယ်။ အခုလက်ရှိမှာတော့ OS ဝယ်လို့ရှိရင် တခြားဆော့ဖ်ဝဲလ်တွေတော့ လိုင်စင်မဝယ်လည်း
သုံးလို့ရတာပေါ့” ဟု ဦးထွန်းသူရသက်က ဆက်လက်ပြောကြားသည်။ ပြည်တွင်း၌မိုခရိုဆော့ဖ်ကုမ္ပဏီ
မှထုတ်လုပ်သော ဆော့ဖ်ဝဲလ်များကို လိုင်စင်ဗားရှင်းဖြင့် နေရာအများအပြားတွင် သုံးစွဲရန်စီစဉ်လျက်ရှိသည်ဟု
သိရသည်။
ထွန်းထွန်း
Ref-myanmar Internet Journal
Post a Comment