Appleရဲ့ iOS 7ကို Hackerတွေက Hackလို့ ရကြောင်း
သက်သေပြခဲ့ ကြပြီးတဲ့နောက် Appleကလည်း အဆိုပါ ကိစ္စကို တာ၀န်ယူဖြေရှင်း ပေးမယ်လို့
ကတိပေး ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။ အသစ်ထွက် iOS 7ရဲ့ Lock Screenအားနည်း ချက်ကြောင့်
အသုံးပြုသူတွေရဲ့ အီးမေးလ်၊ ဓာတ်ပုံတွေနဲ့ Twitter, Facebookစတဲ့ လူမှုကွန်ရက်တွေကိုပါ
ပိုင်ရှင်ရဲ့ ခွင့်ပြုချက် မလိုဘဲ သုံးစွဲနိုင်ခဲ့ကြောင်းလည်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
iOS 7မှာ ပိုင်ရှင် မဟုတ်တဲ့ အခြားတစ်ယောက်ယောက်က
သုံးချင်တယ်ဆိုရင် Passcode Lockတွေ ဘာတွေ မလိုဘဲ Lock Screenမှာ အနည်းငယ် ရွေ့လျားပြီး
Bypassလုပ်လိုက် တာနဲ့ ဖုန်းကို ဖွင့်လို့ရပြီး Appတွေကို ပါသုံးစွဲ နိုင်ပြီလို့ သတင်းတွေ
ထွက်ခဲ့ပါတယ်။ Appleရဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးကတော့ ၎င်းတို့အနေနဲ့ ဒီကိစ္စကို
သိရှိပြီးဖြစ်ကာ မကြာခင်မှာလည်း ဒါကိုဖြေရှင်းပေးနိုင်မယ့် Software Updateတစ်ခု ဖြန့်ချိ
ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Ref-Myanmar ICT
Post a Comment