0
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် အသုံးပြုနိုင်မည့် နည်းပညာ၊ စာပေ များ လေ့လာနိုင်သော ဒစ်ဂျစ်တယ် စာကြည့်တိုက် (Digital Library) အတွက် KOICA နှင့် ဆမ်ဆောင်းကုမ္ပဏီမှ အမေရိကန် ဒေါ်လာ တစ်သိန်းကျော်ထောက်ပံ့ခဲ့သည်ဟု KOICA မှ သိရသည်

အဆိုပါစာကြည့်တိုက်အတွက် ကိုရီးယား နိုင်ငံတကာပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ (KOICA) က ကန်ဒေါ်လာ ၅၀,၀၀၀ ထောက်ပံ့ပေးပြီး ကိုရီးယားအီလက်ထရောနစ် ကုမ္ပဏီ ဆမ်ဆောင်းက ၅၀,၀၀၀ ထောက် ပံ့ပေးခြင်းဖြစ်ကာ သြဂုတ် ၃၁ ရက်တွင် စတင်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဒစ်ဂျစ်တယ်စာကြည့်တိုက် ဖွင့်လှစ်နိုင်ရန် ထောက်ပံ့ပေးခြင်းမှာ အထွေထွေဗဟုသုတများ၊ စာပေ၊ နည်းပညာများ အမျိုးမျိုးကို အွန်လိုင်းပေါ် တွင် ကြည့်ရှုလေ့လာနိုင်ရန်အတွက်ဖြစ်သည်ဟုလည်း KOICA မှ သိရသည်။
KOICA မှ တာဝန်ရှိသူတစ်ဦးက “ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ KOICA က ဒေါ်လာငါးသိန်း၊ Samsung ကုမ္ပဏီက ဒေါ်လာငါးသိန်းထောက်ပံ့ ပြီးတော့ Digital Library တစ်ခု ဖွင့်လှစ်ပေး ခဲ့သည်။ နောက် Samsung က အိုင်တီပညာရှင်တွေကလည်း ကျောင်းကဆရာ၊ ဆရာမတွေနဲ့ ကျောင်း သား တွေကို ရက်တိုသင်တန်းပေးခဲ့တယ်”ဟု ပြောသည်။
သင်ကြားပေးရာတွင် ကွန်ပျူတာတက္ကသိုလ်ရှိ ဆရာ၊ ဆရာမ များနှင့် ကျောင်း သားများကို Software engineering, Net- working နှင့် Mobile application များနှင့် ပတ်သက်သည့် နည်းပညာ သင်တန်းကို ရက်သတ္တတစ်ပတ်ကြာ သင်တန်းပေးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ ကွန်ပျူတာတက္ကသိုလ်များတွင် CD ဖြင့် Run ထားသော ကွန်ပျူတာစာကြည့်တိုက်များ ရှိသော်လည်း အွန်လိုင်းပေါ်တွင် လေ့ လာနိုင်မည့် ဒစ်ဂျစ်တယ်စာကြည့်တိုက်များ မရှိသေးကြောင်း ကွန်ပျူတာအသင်းချုပ်မှ ပါမောက္ခဒေါ်အေးအေးသင်းက ပြောသည်။
ဒေါ်အေးအေးသင်းက “ အွန်လိုင်းပေါ်ကနေ လေ့လာနိုင်တဲ့ Digital library ရှိရင် ပိုကောင်းတာပေါ့။ နိုင်ငံခြား တက္ကသိုလ်က စာကြည့်တိုက်တွေ နဲ့ချိတ်ထားရင် ပိုတောင်ကောင်းသေးတယ်။ ကိုယ်လိုချင်တဲ့အချက်အလက် တစ်ခုကို မြန်မြန်ဆန်ဆန်နဲ့တွေ့မယ်။ ဒီမှာရှာလို့မရတဲ့စာအုပ်တွေ ကို မြန်မြန်ဆန် ဆန်နဲ့ ရှာလို့ရတာပေါ့။ Research (သုတေသန) ပဲလုပ်လုပ် ဆရာမတွေ၊ ကျောင်းသားတွေ လေ့လာလို့ ပိုအဆင်ပြေတာပေါ့”ဟု သုံးသပ်သည်။
အဆိုပါဒစ်ဂျစ်တယ်စာကြည့်တိုက်တွင် အင်တာနက်ချိတ်ဆက်အ သုံးပြုနိုင်ပြီး နိုင်ငံတကာစာကြည့် တိုက်များရှိ စာအုပ်များကိုပါ လေ့လာနိုင် မည်ဖြစ်သည်။ ယင်းအပြင် ဆရာ၊ ဆရာမများ၏ သင်ကြားပို့ချမှုများကို အသံသွင်း မှတ်သားခြင်း၊ ပြန်လည်လေ့လာခြင်းနှင့် Programming ဆိုင်ရာပညာရပ်များ လေ့လာရန်အတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ 

ချိုကို - မဇ္ဈိမ




Post a Comment

 
Top