0

Google ကုမ္ပဏီမှ ၎င်း၏ Google+ Hangouts ဝန်ဆောင်မှုအတွက် open video codec VP8 အသုံးပြု HD ဗီဒီယိုစနစ်ကို စတင်ပြုလုပ်ပေးလိုက်ကြောင်း သိရသည်။

ကုမ္ပဏီ၏ တွဲဖက်ဥက္ကဋ္ဌဖြစ်သူ Chee Chew က အဆိုပါသတင်းကို အတည်ပြုပြောကြားခဲ့ပြီး ၎င်းတို့ကုမ္ပဏီအနေဖြင့် Hang-outs video-chatting feature တွင် 720p HD ဗီဒီယိုကို စတင် ထည့်သွင်းလိုက်ကြောင်း
အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ ယင်းသို့ပြုလုပ်နိုင်ရန်အတွက် open video codec တစ်ခုဖြစ်သည့် VP8 ကို အသုံးပြုထားပြီး ၎င်းကို H.264 video codec နေရာတွင် အစားထိုးအသုံးပြုရန် အတွက် ၂၀၁၀ ခုနှစ်ကပင် ဖန်တီးခဲ့သည်။ အွန်လိုင်းဆက်သွယ်ရေး စနစ်များ ပိုမိုအဆင့်မြင့် တိုးတက်လာရန်အတွက် လုပ်ဆောင်လျက်ရှိရာ Google မှ ၎င်း၏ဗီဒီယို ဝန်ဆောင်မှုများကို WebRTC စနစ်ဖြင့် ဆက်လက်ပြောင်းလဲ အသုံးပြုရန် စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။ WebRTC သည် plugin များ မလိုအပ်ဘဲ အသံနှင့်ဗီဒီယိုများကို အချိန်နှင့်တစ်ပြေး ညီဖော်ပြပေးနိုင်သည့် စနစ်ဖြစ်သည်။ မကြာမီအချိန်အတွင်း WebRTC ကို VP8 နေရာတွင် ပြောင်းလဲအသုံးပြု လာတော့မည်ဟုလည်း ခန့်မှန်းပြောဆိုလျက် ရှိသည်။

-ဟေမာ
 
Ref: CNET

Myanmar internet journal

Post a Comment

 
Top