3D ဗီဒီယို
ခေါ်ဆိုမှုများအတွက် လုပ်ဆောင်လျက်ရှိကြောင်း Skype မှ Skype ၁၀ နှစ်ပြည့် နှစ်ပတ်လည်
အင်တာဗျူးတွင် အတည်ပြုပြောကြား ခဲ့သည်။
3D
screen များနှင့် 3D ဖမ်း ယူမှုများ ပြုလုပ်နိုင်ရန်အတွက် စမ်းသပ်မှုများ ပြုလုပ်နေကြောင်း
Microsoft ကုမ္ပဏီ၏ အကြီးတန်း အမှုဆောင်တစ်ဦး ဖြစ်သူ၊ Skype အဖွဲ့ တွဲဘက်ဥက္ကဋ္ဌ Mark
Gillett ကဆိုသည်။ 3D ပုံရိပ်များ ကြည့်ရှုနိုင်သည့် screen များနှင့် 3D ပုံရိပ်ဖော်ပြနိုင်သော
တီဗွီနှင့် ကွန်ပျူတာမော်နီတာများ ဝယ်ယူအသုံးပြုနိုင်သူ
များပြားလာသည့်အတွက် ယခုအစီအစဉ်ကို
စတင်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ 3D ပုံရိပ် ဖမ်းယူနိုင်သည့် ထုတ်ကုန်များကို မူလက်ရှိအချိန်ထိ
ထုတ်လုပ်နိုင်ခြင်း မရှိသေးသော်လည်း ကွန်ပျူတာတွင် ကင်မရာများစွာကို တပ်ဆင်အသုံးပြုနိုင်မည့်
နည်းလမ်းကိုမူ စမ်းသပ်လျက် ရှိကြောင်း ၎င်း၏ အဆိုအရ သိရသည်။ တစ်ချိန် တည်းမှာပင်
Skype က ထုတ်ကုန်အသီးသီးပေါ်၌ အလွန်ကောင်းမွန်သည့် 1080p resolution ဖြင့် ဗီဒီယိုခေါ်ဆိုမှုများ
ပြုလုပ်နိုင်ရန် လုပ်ဆောင်ပေးနေကြောင်း လည်း Mr. Gillett က ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင်
မိုဘိုင်းဆက်သွယ်ရေး ကဏ္ဍ၌ Whatsapp နှင့် Viber ကဲ့သို့သော ဝန်ဆောင်မှုများက ဦးဆောင်လျက်ရှိရာ
Skype အနေဖြင့် ကြိုးစားမှုများ ဆက်လက်ပြုလုပ်ရဦးမည်ဖြစ်ကြောင်း Skype ၏ ယခင်ဈေးကွက်ရှာဖွေရေး
ညွှန်ကြားရေးမှူး Taavet Hinrikus ကပြောကြားခဲ့သည်ဟု သတင်းဌာနက ဖော်ပြခဲ့သည်။
-ဟေမာ
Ref: BBC

Post a Comment