မကြာသေးမီက တောင်ကိုရီးယား
အခြေစိုက် Samsungကုမ္ပဏီမှ ထုတ်လုပ်လိုက်တဲ့ မျက်နှာပြင် ၅.၇လက်မအရွယ် Galaxy
Note 3ဟာ GSM Arena၀က်ဘ်ဆိုဒ်ရဲ့ နေ့စဉ် လူ၀င်ရောက်ကြည့်ရှုမှု စာရင်းမှာ Appleရဲ့
iPhone 5Sကို ဖြတ်ကျော်ပြီး နံပါတ်တစ် နေရာကို ရောက်လာခဲ့ပါတယ်။ အဆိုပါ Galaxy
Note 3အကြောင်း ကိုလည်း မြန်မာအိုင်စီတီမှ ပြည့်ပြည့်စုံစုံ ရေးသား တင်ဆက်ထားတဲ့ ဆောင်းပါးကို ဒီနေရာမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
ဈေးနှုန်းအရတော့
iPhone 5Sနဲ့ Galaxy Note 3ဟာ များစွာ ကွာခြားမှု မရှိပေမယ့် ပိုမိုကြီးမားတဲ့ မျက်နှာပြင်၊
3GB RAMနဲ့ S-Pen Feature, NFCစတာ တွေဟာ ပရိသတ်တွေကို ဆွဲဆောင်သွားတာ ဖြစ်တယ်လို့ ခန့်မှန်း
မိပါတယ်။ မြန်မာပြည်ဈေးကွက်မှာတော့ မကြာခင် အဆိုပါ Galaxy Note 3သာမက ဆမ်ဆောင်းရဲ့
စမတ်နာရီ Galaxy Gearကိုပါ Samsung Showroomတွေမှာ ၀ယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။
Note 3မှာ မြန်မာစာ စနစ် အသင့်အသုံးပြု နိုင်အောင် စီစဉ်ပေးထားပြီး ဈေးနှုန်း ၇၁၅၀၀၀ကျပ်နဲ့
ရောင်းချပေးသွားမှာပါ။
View Coverပါ ထည့်သွင်းပေးမှာ
ဖြစ်ပါတယ်။ Galaxy Gearစမတ်နာရီကတော့ ၂၅၈၀၀၀ကျပ်နဲ့ တစ်နိုင်ငံလုံးက Samsung
Showroomတွေမှာ ရောင်းပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Galaxy Gearကော Galaxy
Note 3ကော နှစ်ခုပေါင်း ယူရင်တော့ ၉၅၅၀၀၀ကျပ်နဲ့ ၀ယ်ယူနိုင်မှာ ဖြစ်ကာ အဆိုပါ ဈေးနှုန်းတွေက
စက်တင်ဘာ ၂၇၊ ၂၈၊ ၂၉ ပရိုမိုးရှင်း ကာလ သုံးရက်တည်းအတွက်သာ ဖြစ်တယ်လို့ Samsungမှ ကြေညာထားပါတယ်။
စက်တင်ဘာ ၂၅ရက်နေ့ Junciton Squareမှာ ကျင်းပမယ့် Samsungရဲ့ မိတ်ဆက်ပြသတဲ့ ပွဲမှာလည်း
Galaxy Note 3, Galaxy Gearတို့ကို စမ်းသပ်ကြည့်ရှု သုံးစွဲနိုင်ပြီး ၀ယ်ယူလိုပါက တစ်ခါတည်း
စာရင်းပေးထား နိုင်ကြောင်း သိရပါတယ်။
Galaxy Note 3ပြီးတော့
ဒုတိယနေရာမှာ ရှိနေတာကတော့ iPhone 5Sဖြစ်ပါတယ်။ ဒါ့အပြင် Galaxy S4, SIM Cardနှစ်ခု
သုံးလို့ရတဲ့ Galaxy S Duos, ရေစိုခံ မျက်နှာပြင်ကျယ် စမတ်ဖုန်း Sony Xperia Z1နဲ့
Galaxy Coreစမတ်ဖုန်းတွေက နံပါတ် သုံး၊ လေး၊ ငါး၊ ခြောက် နေရာတွေမှာ အသီးသီး ရပ်တည်နေပြီး
အဖြူ၊ အနက်၊ အဝါ၊ အနီ ကာလာ ၄မျိုးနဲ့ Windowsဖုန်း တစ်လုံး ဖြစ်တဲ့ Nokia 520ကလည်း
လူစိတ်၀င်စားမှု နံပါတ် ၇နေရာမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာ ထုတ်လုပ်မှု
ရပ်ဆိုင်းသွားပြီ ဖြစ်တဲ့ iPhone 5ကတော့ ၀င်ရောက် ကြည့်ရှုတဲ့ လူတွေ ရှိနေဆဲ ဖြစ်ကာ
လူစိတ်၀င်စားမှု နံပါတ် ရှစ်နေရာမှာ ရပ်တည်နေပါတယ်။
Ref & Credit -Myanmar iCT
Post a Comment