0
 Skate အမည်နဲ့ ဖုန်းအမျိးမျိုးကို တရုတ် ZTE ကထုတ်လုပ်ပါတယ်။ ယခု အသစ်ထုတ်တဲ့ ဖုန်းက ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၀ ဝန်းကျင် မှာသာ ရှိပါတယ်။ ဒါကြောင့် မြန်မာကျပ်ငွေ ၁ သိန်း ၃သောာင်း ဝန်းကျင် သာ ကုန်ကျမယ့် ဖုန်း ဖြစ်ပါတယ်။

 OS.  Android 2.3.6

Display. 3.5 inches HVGA 480x320 pixels
battery .  1400 mAh

Processor. Qualcomm MSM 7225A800MHz
Memory . 512 MB RAM , micro DD card insertable

Camera.  3.2 megapixel

အလယ်အလတ်တန်းစားဖုန်းလို့ သတ်မှတ်ထားပါတယ်။ Android တောင် ICS Upgrade လုပ်မပေးထားပါဘူး။ မျက်နှာပြင် Resolution ကလည်း 480x320 pixels သာရှိပါတယ်။ ရှေ့ ကင်မရာမပါပါဘူး။ နောက်ကင်မရာ 3.2 megapixel ဆိုတော့ သုံးပျော်ရုံပဲ ဖြစ်ပါတယ်။ ဘက်ထရီက မျက်နှာပြင်သေးတဲ့ ဖုန်းဖြစ်တဲ့အတွက် Usage သိပ်မကုန်ပါဘူး။ Internal Memory နည်းတာက micro SD နဲ့ ထပ်ဖြည့်လို့ရပါတယ်။

တစ်ခုကောင်းတာကတော့ ကိုယ်ထည် ဖြစ်ပါတယ်။ အလူမီနီယံသားနဲ့ လုပ်ထားပြီး အကြမ်းလည်းခံပါတယ်။ အင်္ဂလန်မှာတောင် ဒီရက်ပိုင်းမှ စတင်ဖြန့်ချိတာ ဖြစ်ပါတယ်။ အခြား ZTE Skate တွေလောက် လည်း ဈေးမကြီးပါဘူး။ ဒါကြောင့် ဈေးသက်သာ ဖုန်း သုံးလိုသူများအတွက် ZTE Skte Kis က မကြာမီ မြန်မာပြည်ရောက် လာတော့မှာ ဖြစ်ပါတယ်။

ZTE အနေနဲ့ Middle standard ဖုန်းဈေးကွက်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: ZTE
Aung Kham (TSJ team)

Post a Comment

 
Top