0

Nokia က ဆယ်စုနှစ် တစ်ခုနဲ့ နောက်ထပ် တစ်ဝက်တိတိကို ယူထားတဲ့ ကမ္ဘာ့ နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ သမိုင်း အဆုံးသတ်ပါတော့မယ်။ Samsung က ယခုနှစ်ကုန်မှာပဲ ကမ္ဘာ့နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ ဖြစ် လာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၂ ခုနှစ်က Samsung ရဲ့  အရှိန်အဟုန်နဲ့ တက်တဲ့ ကာလတစ်ခုဖြစ်ခဲ့ပြီး ဈေးကွက်ရဲ့  ၂၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ နိုကီယာကတော့ ၂၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

ယမန်နှစ် ၂၀၁၁ မှာတုန်းကျတော့ နိုကီယာက ၃၀ ရာခိုင်နှုန်း၊ Samsung က ၂၄ ရာခိုင်နှုန်းနဲ့ ကွာခြားနေတာ ဖြစ်ပါတယ်။ ယခုတော့ ပြောင်းလဲ သွားပြီး Samsung က ဗိုလ်ဆွဲတော့မှာ ဖြစ်ပါတယ်။ Apple ကတော့ ဈေး ကွက် ၁၀ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ရသေးပြီး တတိယ နေရာ မှာပဲ ရှိနေ ပါသေးတယ်။ မော်ဒယ် Brand နဲ့ အလုံးရေ ထုတ်လုပ်မှုကလည်း Samsung နဲ့ Nokia တို့လောက်မများပြားလို့ ဖြစ်ပါတယ်။

Samsung ကတော့ တစ်နှစ်ထဲမှာကို မော်ဒယ်အမျိုးမျိုး တစ်ခုပြီးတစ်ခု ထုတ်လုပ်ရောင်းချပြီး ဈေးကွက်ကို အသာစီးရယူခဲ့ပါတယ်။ နောက်ထပ် အားသာချက် တစ်ခုကလည်း ဈေးနှုန်းသက်သာခြင်း ဖြစ်ပြီး အရေအတွက် များပေမယ့် အရည်အသွေး အပိုင်းလည်း ကျဆင်းသွားမှု မရှိခြင်း ကလည်း နောက်ထပ် အောင်မြင်ရခြင်း တစ်ခု ဖြစ်ပါတယ်။

၂၀၁၂ နောက်ဆုံး လေးလတာ ကာလ စစ်တမ်းအရ Samsung မှ မိုဘိုင်းဖုန်း အလုံးရေ ၉၈ သန်း ရောင်းချရပြီး ၅၅ သန်းက စမတ်ဖုန်း ဖြစ် ပါတယ်။ Nokia ကျတော့ အလုံးရေ ၈၂ သန်းရောင်း ချရပြီး စမတ်ဖုန်း ကျတော့ ၇.၂ သန်းပဲ ရှိပါတယ်။ ဒါကလည်း အဓိက ကွာခြားသွားခြင်း ဖြစ် ပါတယ်။

သမိုင်းတစ်လျှောက် ယူလာတဲ့ နံပါတ် ၁ နေရာကို ဖယ်ပေးရတော့မယ့် Nokia အနေနဲ့ အနာဂတ်မှာ စိုးရိမ်စရာရှိကြောင်း ဝေဖန်ထားကြပါတယ်။ Lumia စမတ်ဖုန်း ရောင်းအားတက်ပေမယ့် မျော်မှန်းထား သလောက် ဖြစ် မလာသေးပါဘူး။ ဒါကြောင့် အနာဂတ်မှာ နံပါတ် ၂ ကနေတောင် ဆင်းရမယ့် အနေအထားမှာ ရှိနေပါတယ်။

RIM နဲ့ HTC ကတော့ မိုဘိုင်းဈေးကွက် ၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး အတူတူ ရပ်တည်နေကြောင်း သိရပါတယ်။
--
Ref: techrader.
Aung Kham (TSJ team)

Post a Comment

 
Top