0

 ၂၀၁၀ ခုနှစ် ဇွန်လက စလို့ အိန္ဒိယနိုင်ငံမှာ Samsung Galaxy S ကို စဖြန့် ပါတယ်။ ယင်းနောက် Galaxy ကုန်ပစ္စည်းများ ဆက် တိုက် ရောက်ပြီး ရောင်းအား အရှိန်အဟုန်နဲ့ တက်ခဲ့ပါတယ်။

စစ်တမ်းအရ ၂၀၁၃ ခုနှစ် ပထမ ၆လ အတွင်း အိန္ဒိယမှာ စမတ်ဖုန်း စုစုပေါင်း အလုံးရေ သန်း ၁၀၂.၄၃ သန်း မက ရောင်းချပြီး ဖြစ်ပါတယ်။ ယင်းထဲမှာ  Samsung ရဲ့  ဖုန်း ၅.၅ သန်း ပါရှိပြီး ဈေးကွက်ရဲ့  ၄၁.၆ ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။ နိုကီယာတောင် ၁၉.၂ ရာခိုင်နှုန်းပဲ ရှိပြီး Blackberry ထုတ်တဲ့ RIM က ၁၂.၁ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားပါတယ်။

Galaxy Y, Galaxy SII  Galaxy Tab , Galaxy Tab 2, Galaxy SIII အစရှိ တဲ့ ကုန်ပစ္စည်းများက ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ် ကာလအတွင်း အိန္ဒိယ မှ ဖြန့် ချိခဲ့ခြင်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ လူလတ်တန်းစားတွေ ပိုများ အတွက် Apple ကုန်ပစ္စည်းထက် Samsung ကိုပဲ ပိုမို အားပေးကြခြင်း ဖြစ် ပါတယ်။ Apple ရဲ့  ဈေးကွက် ပိုင်ဆိုင်မှုကတော့ အတော်လေးကို နည်းနေပါ သေး တယ်။

အနာဂတ်မှာ အိန္ဒိယဟာလည်း Samsung ရဲ့  ကြီးမားတဲ့ အီလက်ထရောနစ် ကုန်ပစ္စည်း ဈေးကွက် တစ်ခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း ထားကြောင်း သိရ ပါတယ်။
--
Ref: slashgear
Aung Kham (TSJ team)

Post a Comment

 
Top