0




၂၀၁၂ ခုနှစ် CES မှာတုန်းက 41 megapixel resolution ရှိတဲ့ ကင်မရာကပ် စမတ်ဖုန်း Pureview (Nokia 808) ကိုပြသပြီး နိုကီယာတို့ အောင်ပွဲခံခဲ့ ပါတယ်။

ယခုနှစ် ၂၀၁၃ CES မှာလည်း Pure view အသစ်တစ်မျိုး မိတ်ဆက်မယ်လို့ ထင်ထားကြပေမယ့် ထင်သလို ဖြစ်မလာပါဘူး။ သို့ပေမယ့် CES မှာ အင်တာဗျူးတော့ ယခုလို ဖြေပါတယ်။ ယခုနှစ်အတွင်း Pure View ကို အကောင်းဆုံး ဖြစ်အောင် ဖန်တီးလို့ မျိုးဆက်သစ်တစ်ခု ပေးနိုင်အောင် ကြိုးစားနေတယ်လို့ပါတယ်။ ၂၀၁၂ မှာ 41 megapixel ပေးခဲ့ပြီး ၂၀၁၃ မှာ ဘယ်လောက်အောင် resolution မြင့်တဲ့ Pure view ထွက်ရှိမလဲ ဆိုတာ အားလုံး စိတ်ဝင်စားနေကြပါတယ်။

၂၀၁၃ CES မှာ မပြသပေမယ့် ယခုနှစ်အတွင်းတော့ Pure View စမတ်ဖုန်း တစ်မျိုး မိတ်ဆက်မှာ ဖြစ်ပြီး Nokia မှ ပြင်ဆင်လျက် ရှိကြောင်း သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)

Post a Comment

 
Top