0


လက်ဘနွန်အခြေဆိုက် Samsung ရုံးခွဲမှ ထွက်ရှိတဲ့ သတင်းလို့ ဆိုကြပါ တယ်။

ဒါကတော့ CES မှာ Samsung Galaxy S4 ကို ပြသပေမယ့် လာမယ့် မေ လ နောက်ပိုင်းမှာသာ ထွက်ရှိစေမှာ ဖြစ်ကြောင်း သိရပါတယ်။ ငါးလ လောက်ခြားရခြင်း အကြောင်းအရင်းကတော့ လက်ရှိ Samsung Galaxy S3 ရောင်းအားလုံးကိုရော၊ အသုံးပြုနေသူများ အတွက်ပါ ငဲ့ညာခြင်း သဘော ဖြစ်ပြီး ဒီငါးလ အတွင်း S3 ကိုပဲ အချိန်နဲ့တစ်ပြေးညီ Upgrade လုပ် အသုံးပြုစေဖို့ တိုက်တွန်း ထားပါတယ်။

အထက်ပါ ပုံမှာ မြင်တွေ့နေရတဲ့ဖုန်းကို Samsung Galaxy S4 ပါလို့ နိုင်ငံတကာ သတင်း ဝဘ်ဆိုဒ်တွေမှာ ပြန့်နှံ့ပါတယ်။ Samsung မှ ထွက်ရှိလာတဲ့ Press Image လို့ဆိုပြီး သူ့ရဲ့  ပြောင်းလဲမှု အနည်းငယ်သာ ရှိတဲ့ ပုံစံကို ယခုလို မြင်တွေ့ ရပါတယ်။ လာမယ့် CES ရော၊ Mobile World Congress မှာရော Samsung Galaxy S4 စမတ်ဖုန်းကို ဝင်ရောက် ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: pocketlint.
Aung Kham (TSJ team)

Post a Comment

 
Top