0

iPhone 5 အတွက် ထုတ်လုပ်ထားတဲ့ ကျောကပ်ကာဗာ ဖြစ်ပါတယ်။ ကာဗာ အနေနဲ့တောင် မဟုတ်ပါဘူး။ သူ့ကို ကီးဘုတ်အနေနဲ့ရော အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။


၂ မီလီမီတာသာ ထူတဲ့ Ultra-Thin Magnetic  ကီးဘုတ်၊ Controller ဖြစ် ပါတယ်။ ကြိုးမဲ့ Bluetooth ဆက်သွယ်ရေး စနစ်ကို အသုံးပြု ပါတယ်။ Apple ရဲ့  iPhone 5 အတွက်ပဲ သီးသန့် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အရမ်းလည်း ပါးတဲ့အတွက် အားကို ဘယ်လို သိမ်းဆည်းထားမလဲလို့တောင် သံသယ ဝင်ချင်စရာ ရှိပါတယ်။ အမှန်တော့ အားသွင်းစရာ အပေါက်ပါရှိပြီး အားတစ်ခါ သွင်းပြီးရင် နာရီပေါင်း ၄၀ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

ကီးဘုတ်မှာပါဝင်တဲ့ လက်ကွက်များကလည်း Keyboard Phone များထဲကလိုပါပဲ။ သူ့မှာ သံလိုက်ဓာတ်ပါပါတယ်။ ဒါကြောင့် iPhone 5 နောက်ကျောမှ တပ်ထားရင် အလိုလိုတွယ်ကပ်နေမှာ ဖြစ်ပါတယ်။ ကာလ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၅၀ ဝန်းကျင် ရှိပြီး CES မှ ပြသလျက် ရှိတဲ့ ပစ္စည်းတစ်ခုဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

Post a Comment

 
Top