0
 ဒီကောင်လေးက Advanced SystemCare နောက်ဆုံးထွက်လာတဲ့ Free ပေးသုံးတဲ့ ကောင်လေးပါ..။ အရင်တုန်းက တင်ပေးထားတဲ့ Advanced SystemCare လင့်တွေပျက်ကုန်တဲ့အတွက် Cbox နဲ့ Comment တွေမှာ ခဏခဏပြန်တင်ပေးဖို့ တောင်းထားလို့ ဒီကောင်လေးကို Update အသစ်ထွက်ထွက်ချင်း တင်ပေးလိုက်ပါတယ်..။ ကွန်ပျူတာနဲ့ Browser တွေကို သွက်လက်မြန်ဆန်စေတဲ့ ဆော့ဝဲလ်ကောင်းလေးတခုပါပဲ..။ အသုံးပြုနည်းတွေကို အရင်ပိုစ့်တွေမှာလည်း လုပ်ပြထားသလို အခုဒီပိုစ့်မှာလည်း ပြန်လည်လုပ်ပြပေးထားပါတယ်..။ အသုံးပြုရတာ လွယ်တဲ့အတွက် တခေါက်ကြည့်တာနဲ့ မှတ်မိသွားပါလိမ့်မယ်..။  ဒီကောင်လေးကို အသုံးပြုပြီးတဲ့အခါတိုင်း မိမိတို့ရဲ့စက်ကို Restart ချပေးပြီးမှ ကွန်ပျူတာကို ဆက်သုံးပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 20.4 MB ရှိပါတယ်..။

ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။

ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ Uninstaller တူးလေးတခုပါ အပိုပါလာ ပါလိမ့်မယ်..။ မိမိတို့စက်ထဲက အသုံးမလိုတော့တဲ့ ဆော့ဝဲလ်တွေ တူးတွေကို ပြန်ထုတ်ပစ်ချင်တဲ့အခါ ဒီ Uninstaller တူးကို အသုံးပြုပြီး ပြန်ထုတ်ပစ်လို့ ရပါတယ်..။


Install လုပ်ပြီးသွားတဲ့ အခါမှာတော့ အောက်ကပုံတွေအတိုင်း လုပ်သွားပါတယ်..။ မောက်စ်မျှားပြထားတဲ့ နေရာတွေကို နှိပ်သွားလိုက်ပါ..။


 မောက်စ်မျှားပြထားတဲ့ နေရာတွေကို နှိပ်သွားလိုက်ပါ..။


 Scan စစ်တဲ့နေရာမှာတော့ Automatically Repair နေရာမှာ အမှန်ခြစ်လေး ပေးပြီးမှ Scan စစ်ပါ..။ အောက်ပုံ.


 Repair Finished စာသားနဲ့ အားလုံးပြီးသွားလို့ အမှန်ခြစ်တွေ ပေါ်လာရင်တော့ ဒီကောင်လေးကို ပိတ်ပြီး စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာရင်တော့ အရင်ကထက် ပိုမိုသွက်လက်မြန်ဆန် နေပါလိမ့်မယ်..။







Post a Comment

 
Top