0


 ကမ္ဘာကျော် အီတလီ ဇိမ်ခံကားနဲ့ ပြိုင်ကားထုတ် ကုမ္မဏီဖြစ်တဲ့ Pagani မှ ထုတ်လုပ်တဲ့ ကမ္ဘာ့ဈေးကြီးပြိုင် ကား တစ်စီးကတော့ Pagani Cinque Roadster ဖြစ်ပါ တယ်။
၁၉၉၉ခုနှစ်မှ ၂၀၁၁ခုနှစ်အထိသာထုတ်လုပ်ပြီး တစ်ကမ္ဘာ လုံးအတိုင်းအတာအားဖြင့် ၂၀၆ စီးသာရှိပါ တယ်။ နှစ်ယောက် စီးပြိုင်ကားလေးရဲ့ စွမ်းဆောင်ချက် ကတော့ မြင်းကောင်ရေ ၆၇၈အထိရှိပါတယ်။ top speed တစ်နာရီ ၂၁၇ မိုင်အထိပြေးတဲ့ အရှိန်ပြင်းပြိုင် ကားဖြစ်ပါတယ်။  အော်တိုဂီယာ ခြောက်ချက်ထိုး မာစီဒီး ဘတ်ဇ် AMG အင်ဂျင် ကိုအသုံးပြုထားပါတယ်။ အိတ်ဇော system ကို တိုက်တေနီယမ်သတ္တုနဲ့ ဖုံးအုပ်ထားပြီး Suspenstions ကိုတော့ မက်ဂနီဆီယမ်နဲ့ တိုက်နေနီယမ်နဲ့နှစ်မျိုးလုံးပေါင်းစပ်ထားပါတယ်။ အားသာချက်ကတော့ အင်ဂျင်နဲ့ အိတ်ဇော အပူလွန်မှု လုံးဝမရှိပဲ အညစ်ကြေး ကပ်ညစ်မှုနည်းပါတယ်။

၂၀၁၀ ထုတ်နောက်ဆုံး မော်ဒယ်က အစီးရေ ငါးစီးသာ ရှိပြီး ဈေးနှုန်းကလည်း အမေရိကန်ဒေါ်လာ ၁၈သန်း နဲ့ ငါးသောင်းတန်ဖိုးရှိပါတယ်။ ဒါကြောင့် ၂၀၁၂-၂၀၁၃ခုနှစ်ရဲ့ ကမ္ဘာ့ဈေးအကြီးဆုံးပြိုင်ကားစာရင်းမှာ Aston Marin One-77 နဲ့ ယှဉ်လျက်ရှိနေပါတယ်။

အင်ဂျင်- Mercedes Benz AMG engine
ပါဝါ - မြင်းကောင်ရေ ၆၇၈
ဂီယာ - အော်တို ၆ ချက်ထိုး
Top speed- တစ်နာရီ ၂၁၇ မိုင်

http://www.colayonline.com.mm/automobile/

Aung Kham (TSJ team)



Post a Comment

 
Top