0

၅.၅ လက်မ အရွယ်ရှိတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ 1080p resolution ဆိုတော့ ယနေ့ထွက်ရှိနေတဲ့ အဆင့်မြင့် စမတ်ဖုန်းများနဲ့ အတူတူပါပဲ။

အထူက ၆.၉ မီလီမီတာဆိုတော့ တော်တော်လေး ပါးတဲ့အနေအထားမှာ ရှိပါတယ်။ iPhone ထက်တောင် ၁ မီလီမီတာ နီးနီး ပါးနေပါသေးတယ်။ ကမ္ဘာ့ အပါးဆုံး ထိပ်တန်းဖုန်း စာရင်းထဲမှာ ပါဖို့တော့ ကြိမ်းသေနေပါတယ်။ အသုံးပြုတဲ့ Processor ကတော့ 2.0GHz Intel Atom ဖြစ်ပါတယ်။

ကင်မရာ ဘယ်လောက်ရှိမယ်။ Storage ဘယ်လောက်ရှိမယ်ဆိုတာတော့ မဖော်ပြထားပါဘူး။ သို့ပေမယ့် 13 megapixel ထက်တော့ မနည်းနိုင်ဘူးလို့ ခန့်မှန်းထားကြပါတယ်။ Storage အနေနဲ့ကတော့ 2GB RAM, နဲ့ 32 GB built in ပါဝင်မယ်လို့ ယူဆ ထားကြပါတယ်။ CES မှာ အများကြည့်ရှုလို့ ရအောင် ယခုလို ပြသထားပြီး မကြာမီ ဈေးကွက် ဖြန့်ချိမယ့် ဖုန်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)

Post a Comment

 
Top