0


 


LG Pocket Photo Android NFC printer ဖြစ်ပါတယ်။ Android OS သုံး စမတ်ဖုန်း အသုံးပြုသူများအတွက် အဆင်ပြေမယ့် ပစ္စည်းလေး ဖြစ်ပါတယ်။



သွားလေရာ သယ်သွားလို့ ရပါတယ်။ အရွယ်အစားကလည်း နာမည်အတိုင်း ပဲ အိပ်ကပ်ထဲ ထည့်ဖို့လောက်ပဲ ကြီးပါတယ်။ ဓာတ်ပုံရတယ်လို့ မဟုတ်ပဲ စက္ကူအမျိုးအစားစုံနဲ့လည်း Print ထုတ်နိုင်ပါတယ်။ သို့ပေမယ့် Zink photo paper 2.0 အမျိုးအစားနဲ့ အသင့်တော်ဆုံးလို့ ဆိုထားပါတယ်။

Bluetooth ပါဝင်ပြီး ဖုန်းထဲမှ NFC ပရင်တာနဲ့ တွဲလုပ်လို့ရအောင် appication တစ်ခု install ရပါမယ်။ ပြီးရင်တော့ အသုံးပြုလို့ ရပါပြီ။ iPhone အတွက်ကတော့ မကြာမီ application ဖန်တီးပေးမယ်လို့ပြောပါတယ်။

ယခု မြင်ရတဲ့ Android NFC printer ကတော့ CES မှာ ပြသထား တဲ့ တောင်ကိုရီးယား LG ရဲ့  ပစ္စည်းသစ် တစ်မျိုးလည်း ဖြစ်ပါတယ်။ USB ပေါက်ပါပြီး အားသွင်းလို့ရအောင် ဖြစ်ပါတယ်။ PC နဲ့ချိတ်ဆက်ပြီးတော့လည်း အသုံးပြုလို့ရအုံးမှာ ဖြစ်ပါတယ်။

ကာလတန်ဖိုးအားဖြင့်ကတော့ အမေရိကန်ဒေါ်လာ ၁၇၀ နဲ့ စတင်ဖြန့် ချိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
---
Ref: pocketlint
Aung Kham (TSJ team)

Post a Comment

 
Top