0


Macintosh ကွန်ပြူတာနဲ့ ပက်သက်လို့ Microsoft ဟာ Apple မှ နည်းပညာ များ ခိုးပါတယ်လို့ စတိဗ်ဂျော့မှာ မိုက်ခရိုဆော့ဖ်ကို တရားစွဲဖူးပါတယ်။ ဒီလို တရားစွဲတော့ ဘီလ်ဂိတ်က ယခုလို ရိုးရိုးလေးပဲ ပြန်ဖြေပါတယ်။

"စတိဗ်ရေ.. ကျွန်တော်ထင်တာကတော့ ဒီကစ္စကို အခြားနည်းလမ်းတွေ နဲ့လည်း တွေးလို့ရတယ်ဗျ။ ခများနဲ့ကျွန်တော် နှစ်ယောက်လုံးက Xerox ဆိုတဲ့ လူချမ်းသာ အိမ်နီးချင်း ရှိတယ်။ အဲ့အိမ်က တီဗီစက်ကို ခိုးဖို့ ကျွန်တော်ဝင်တယ်။ သို့ပေမယ့် ဒါကို ခများက ခိုးပြီးသား ဖြစ်နေတာ ကို တွေ့လိုက်ရတယ်။ ကျွန်တော့ ဒီလိုပဲ ယူဆပါတယ်.."

"Well, Steve, I think there’s more than one way of looking at it. I think it’s more like we both had this rich neighbor named Xerox and I broke into his house to steal the TV set and found out that you had already stolen it."

Macintosh ကွန်ပြူတာအပြင် အခြားသော PC ဆိုင်ရာ ဆက်စက်ပစ္စည်း၊ ဟာ့ဒ်ဝဲ၊ဆော့ဖ်ဝဲ နည်းပညာများကို Xerox က အင်ဂျင်နေယာများ စတင် ဖန်တီးနိုင်ခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ Apple နဲ့ ပူးပေါင်းပေမယ့် နောက်ပိုင်းတော့ Microsoft နဲ့ ပူးပေါင်းတဲ့အခါ ယခုလို Apple နဲ့ Microsoft ကြား ပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: forbes.com
Aung Kham (TSJ team)

Post a Comment

 
Top