LG အီလက်ထရောနစ်ကုမ္ပဏီ၏ မြန်မာနိုင်ငံရုံးခွဲမှ ရန်ကုန်နည်းပညာတက္ကသိုလ်
(YTU) အား နည်းပညာပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ ကူညီရန် စီစဉ်လျက်ရှိကြောင်း LG အီလက်ထရောနစ်
မြန်မာနိုင်ငံရုံးခွဲမှ သိရသည်။
ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ နည်းပညာနှင့်ဆက်စပ်နေသည့်
အရာအားလုံးကို ကူညီဆောင်ရွက်သွားမည်ဟု ဆိုသည်။ “နည်းပညာနဲ့ နှီးနွှယ်တဲ့ အရာအားလုံးကို
အကူညီပေးဖို့ ဆောင်ရွက်မှာဖြစ်ပြီး LG ကုမ္ပဏီကနေ ဖြန့်ချိမယ့် ဖုန်းတွေရဲ့ နည်းပညာကိုလည်း
ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် စမ်းသပ်ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု LG အီလက်ထရောနစ်
(မြန်မာနိုင်ငံရုံးခွဲ) မှ မန်နေဂျင်းဒါရိုက်တာ Mr.Min Park က ပြောကြားသည်။ အဆိုပါ
ဆောင်ရွက်ချက်အတွက် လက်ရှိကာလတွင် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ဟု LG မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့်
Mr.Lee ကလည်း ပြောကြားသည်။
“YTU ကို နည်းပညာပိုင်းဆိုင်ရာတွင် အကူညီပေးဖို့အတွက် ဆွေးနွေးနေဆဲ
ကာလပါ” ဟု Mr.Lee ကပြောသည်။ LG ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံအတွင်း မိုဘိုင်းဖုန်းများ
တင်သွင်းရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိပြီး နောင်နှစ်များတွင် ပြည်တွင်းဖုန်းဈေးကွက်အား
ယခုထက်ပိုပြီး ရောင်းအားမြင့်တက်အောင် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု Mr.Min Park က ပြောကြားသည်။
LG အီလက်ထရောနစ်မှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးတွင် နည်းပညာဆိုင်ရာပစ္စည်းများ၊
အီလက်ထရောနစ်ပစ္စည်းများကို ဖြန့်ချိလျက်ရှိပြီး အဓိကလုပ်ငန်း (၅) ခုရှိကြောင်း သိရသည်။
၎င်းအဓိကလုပ်ငန်း (၅) ခု မှာHome Entertainment,
Mobile Communi c a t ion, Home Appliance, Air Conditioning ESihf Business
Solution တို့ဖြစ်ကြောင်းသိရသည်။ အထင်ကရ ပစ္စည်းများအဖြစ် Flat TV, Audio နှင့်
Video ထုတ်ကုန်များ၊ Mobile Handset များ၊ လေအေးပေးစက်များ၊ အဝတ်လျှော်စက်များမှာ လူသိများသည်။
လက်ရှိမြန်မာနိုင်ငံ၏ ဈေးကွက်နှင့် ပတ်သက်၍ LG ၏
G2 Smart Phone များကို အောက်တိုဘာလတွင် တင်သွင်းဖြန့်ချိရန် ဆောင်ရွက်နေကြောင်း မြန်မာဈေးကွက်နှင့်
အဆင်ပြေစေရန် မြန်မာဘာသာစနစ်ကို ထည့်သွင်းထားကြောင်း LG မှ သတင်းထုတ်ပြန်သည်။ ၎င်းအပြင်
LG Optimus Gpro ဖုန်းကိုလည်း သြဂုတ်လ ၁၀ ရက်နေ့မှ စတင်ကာ မြန်မာ OS စနစ်ပါဝင်သည့်
ဖုန်းအဖြစ်ဖြန့်ချိခဲ့သည်။
ထွန်းထွန်း
Myanmar internet journal
Post a Comment